<Unicode>
နာရီဝက်လောက်ကြာတော့ စစ်လွန်းသူ သတိရလာသည်။ Porcupine လည်း သူ့ host သာ ကိုယ်ဝန်ရှိနေတာ သိသွားရင် ဘယ်လိုတုန့်ပြန်လာမလဲ သိချင်တာကြောင့် ဇာတ်လိုက်ပြောမဲ့အချိန်ကို စောင့်နေလိုက်သည်။မကြာခင်မှာပင် ဇာတ်လိုက်က ဆန်ပြုတ်ပန်းကန်နဲ့ အားဆေးကို ကိုင်ကာ အခန်းထဲဝင်လာသည်။
သတိရနေတဲ့ စစ်လွန်းသူကိုတွေ့တော့ ဝမ်းသာသွားပြီး ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး
"ကလေးနိုးပြီလား ကိုယ့်မှာစိုးရိမ်သွားတာဘဲ ကိုယ်ထင်တာ ကိုယ်အလုပ်လွန်ပြီး ကလေးမေ့သွားတယ် ထင်နေတာ ကိုယ်ထင်တာ မှားသွားတယ်သိလား အခု ကလေးဗိုက်ထဲမှာ ကလေးလေးရှိနေပြီတဲ့ "
"ဘာ!!! ခများကြီးဘာပြောတယ်"
LK ရုတ်တရက်အော်လာတဲ့ ကလေးကြောင့် လန့်သွားသည်။ကလေးမလိုချင်လို့လား တွေးမိတော့ အနည်းငယ်ဝမ်းနည်းသွားသည်။
စစ်လွန်းသူ ငြိမ်နေတဲ့ ကိုကို့ကြောင့်
"ခများကြီး အ သွားတာလား ခုနက စကားပြန်ပြောလိုက်စမ်း"
"ကလေးဗိုက်ထဲမှာ ကလေး.."
"အဲ့တာမဟုတ်ဘူး ရှေ့ကစကား"
"ကိုယ်အလုပ်လွန် ကလေးမေ့သွားတယ်ထင်နေတာ ကိုယ်ထင်တာမှားသွားတယ်😦"
"ခများကြီးပြောချင်တာက ကျနော်မေ့တာ ခများကြီးကြောင့် မဟုတ်ဘဲ ဗိုက်ထဲက ကလေးကြောင့်လို့ပြောချင်တာပေါ့ "
"မဟုတ်ပါဘူး ကိုယ်က ကလေးကိုယ်ဝန်ရှိနေပြီဆိုတာပြောချင်လို့ပါ"
"အဲ့တာများ ကလေးမင်းမှာ ကိုယ်ဝန်ရှိနေပြီ ကိုယ်အဖေဖြစ်တော့မယ်လို့ပြောပါလား ဘာကို ကိုယ့်ကြောင့်မေ့သွားတယ်ထင်တာကို မှားရတာလဲ"
"တကယ်လည်း ကိုယ့်ကြောင့် မေ့တာမဟုတ်ဘူးလေ"
"ခများကြီး တစ်ခြားခန်းမှာ အိပ်ချင်လို့လား"
"အိပ်ချင်ဘူး အိပ်ချင်ဘူး ဟုတ်တယ် ကိုယ့်ကြောင့်မေ့သွားတာ ဒါနဲ့ ကလေးဗိုက်ထဲမှာ ကလေးရှိနေတာကို ဘယ်လိုခံစားရလဲ"