<Unicode>
နောက်တစ်နေ့ည ရောက်တော့ လူတိုင်းက အပြုံးကိုယ်စီနဲ့ကျောင်းသို့ရောက်လာကြသည်။စီကိုတွေ့တာနဲ့"ဆရာ မင်္ဂလာညခင်းပါ"
ဆိုပြီး လက်အုပ်ချီကာ နှုတ်ဆက်လာကြသည်။အပြုံးတွေနဲ့လာနှုတ်ဆက်တဲ့ကျောင်းသားတွေကြောင့် စီမျက်နှာတွင်လည်းအပြုံးပေါ်လာခဲ့တော့သည်။
စာသင်ချိန်တွင်လည်း အရင်ကတိတ်ဆိတ်နေသလောက် အခုကြတော့ ဆူညံသံတွေနဲ့အသက်ဝင်လှသည်။
မနက် ၃ နာရီကျောင်းဆင်းခါနီးတွင် တေက မတ်တပ်ရပ်ပြီး
"ဆရာစီ ကျနော်တို့တိုင်ပင်ပြီးသားကိစ္စတစ်ခုကို ဆရာ့ဆီအကြောင်းကြားချင်ပါတယ်"
"☺️☺️ပြောလေ ကလေး "
"ဆရာ ကျနော်တို့ နေ့မှာဘဲ ကျောင်းတက်ချင်ပါတယ် ညဆိုရင် အိပ်ရေးပျက်လို့ကျောင်းမတက်ချင်ပါဘူး ဟုတ်တယ်မလား သူငယ်ချင်းတို့"
"ဟုတ်ပါတယ် ဆရာ"+၉၉
တေရဲ့စကားကြောင့် စီအနည်းငယ်မျက်နှာပျက်သွားသည်။ဒါပေမဲ့ ချက်ချင်းဘဲ ပြုံးလိုက်ပြီး
"အင်း နောက်နှစ်ရက်ကြရင် နေ့လည်ဘဲတက်တော့မယ် ညမတက်တော့ဘူး "
"ယေး.!!! ဒါမှ တို့ဆရာကွ"+၉၉
အကုန်လုံးက ပျော်ရွှင်စွာအော်ဟစ်လာတာမို့ စီကလည်း ပြုံးလိုက်မိသည်။ကျောင်းဆင်းတော့အကုန်လုံးက စကားတစ်ပြောပြောနဲ့ပြန်သွားတာကို စီက ပြုံးရီရင်းကြည့်နေသည်။
ထိုအချိန် ချထားတဲ့သူ့လက်ကို လက်တစ်ဖက်က လာဆုပ်ကိုင်ပြီး
"ကိုကို ပျော်လားဟင်"
"အင်း အရမ်းပျော်တယ် အရင်က မျက်နှာသေနဲ့လာသင်တဲ့သူတွေထပ် အခုလို ပြုံးပြီးလာသင်တဲ့ကျောင်းသားတွေကို ကိုယ်ပိုသဘောကျတယ်"
"ကိုကိုသဘောကျရင် သူတို့အလိုလိုက်ပေးရမယ်နော် ကိုကိုမနက်ဖြန်ကျောင်းပိတ်တယ်ဆိုတော့ ကလေးနဲ့တစ်နေကုန်လမ်းလျှောက်ကြမယ်"
"အင်း ကလေးသဘော အခုတော့ နမ်းချင်တယ်"
"ကိုကို့သဘော"