<Unicode>
စစ်လွန်းသူ မနက်စာကို ပေါင်မုန့်မီးကင်နဲ့ကော်ဖီဖျော်လိုက်သည်။သူပြင်ဆင်ပြီးချိန် LK ကအပေါ်ထပ်ကနေ All black နဲ့ဆင်းလာသည်။LK က သူ့ကိုတွေ့တာနဲ့ အံဩသွားပြီး
"မင်းက စစ်လွန်းသူလား"
"ဟုတ်"
"မင်းဘာလို့ မျက်နှာဖုံးမတပ်တော့တာလဲ"
စစ်လွန်းသူ မျက်နှာဖုံးဆိုတာကြောင့် အနည်းငယ်ကြောင်အသွားသည်။အရင်စစ်လွန်းသူရဲ့ မှတ်ဉာဏ်ထဲ သေချာပြန်ကြည့်လိုက်သည်။
အရင်စစ်လွန်းသူက အမြဲမျက်နှာဖုံးအမဲကို တပ်ဆင်လေ့ရှိသည်။ထမင်းစားရင်လည်း တစ်ယောက်ထဲ အခန်းထဲမှာသာစားလေ့ရှိသည်။
သူ့မျက်နှာကို မြင်ဖူးတဲ့သူမရှိပေ..မနက်က မှတ်ဉာဏ်တွေကို ကောင်းကောင်းမကြည့်မိတဲ့ သူ့ကိုယ်သူသာ အာဘွားပေးလိုက်ချင်သည်။
စစ်လွန်းသူလည်း LK ကို သွားအကုန်ပေါ်အောင်ရီပြပြီး
"မေ့သွားလို့ 😁😁သွားတပ်လိုက်အုံးမယ် ခွင့်ပြုပါအုံး☺️☺️"
LK မှာတော့ စစ်လွန်းသူရဲ့ အပြုံးကြောင့် ကြက်သေသေသွားသည်။မျက်လုံးမှိတ်သွားသည်အထိ ပြုံးပြနေတဲ့ စစ်လွန်းသူကြောင့် ရင်ဘက်ထဲက အကောင်ပေါက်ကလည်း ခုန်ပေါက်လာခဲ့သည်။
သူမသိလိုက်ခင်မှာပင်..စစ်လွန်းသူရဲ့ လက်တစ်ဖက်ကိုဆွဲတားလိုက်မိသည်။စစ်လွန်းသူက အူကြောင်ကြောင်နဲ့ပြန်ကြည့်လာပြီး
"ဘာပြောအုံးမလို့လဲ ခေါင်းဆောင်"
"အမ် ငါနဲ့တစ်ခါထဲစားလိုက်လေ"
"အားနာစရာကြီး "
ဆိုပြီး စားပွဲမှာဝင်ထိုင်လိုက်သည်။ပြီးတော့ ကော်ဖီခွက်ထဲ ကော်ဖီလောင်းထည့်ပြီး ဇာတ်လိုက်ကိုတောင်မစောင့်တော့ဘဲ ပေါင်မုန့်ကို ပလုတ်ပလောင်းစားတော့သည်။
LK ကတော့ ပါးလေးတွေဖောင်းကားအောင်စားနေတဲ့ စစ်လွန်းသူကြောင့် နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားတော့သည်။
မနက်စာကို ရှေ့ကလူကိုကြည့်ပြီး စားနေချိန် သူငယ်ချင်းလည်းဖြစ် လူယုံလည်းဖြစ်တဲ့ SK (smile king) ကအိမ်ထဲရုတ်တရက်ဝင်လာသည်။