<Unicode>
ထိုစာလုံးက"A"
ဆိုတဲ့စာလုံးပင်...ဒီစာလုံးကိုဘာလို့ရေးထားခဲ့လဲဆိုတာ ဗစ်ရှဝါစဉ်းစားလို့မရဖြစ်နေသည်။
ဘယ်သူကအားအားယားယားဒီလိုစာလုံးရေးထားခဲ့မလဲဟုတ်တယ်ဟုတ်...နောက်တစ်ယောက်ရဲ့အမှုဖိုင်ကိုပြန်ကြည့်လိုက်တော့လည်း လည်ပင်းနဲ့ရင်ဘက်နေရာမှာဓါးဒဏ်ရာရှိနေသည်။
ဒီတစ်ယောက်က လာဘ်စားသူဖြစ်သည်။ကောင်းတဲ့သူတစ်ယောက်မှမပါပေ...ဒီတစ်ယောက်က ငွေတွေရေနေချိန်သေဆုံးခဲ့ပုံပင်...
လက်ထဲမှာရော ဘေးမှာရောပိုက်ဆံတွေပြန့်ကျဲနေပုံက ကောက်ယူချင်စရာကြီးဖြစ်နေသည်။
သေဆုံးသူရဲ့နဖူးမှာကပ်နေတဲ့ ပိုက်ဆံမှာလည်းစာလုံးတစ်လုံးရေးထားသည်။ထိုစာလုံးက
"H"
ဆိုတဲ့စာလုံးဖြစ်သည်။အရင်ကစစ်ဆေးသူတွေက ပိုက်ဆံမှာရှိနေတာမို့ ဂရုမစိုက်မိတာထင်သည်။
အခုဆို ဗစ်ရှဝါ စာလုံးသုံးလုံးကိုရပြီဖြစ်သည်။ဖုန်းထုတ်ပြီး
"AHS "
ဆိုတဲ့စာလုံးကိုရိုက်ရှာတော့လည်းမတွေ့ပေ..ဘာကိုပြောချင်မှန်းလည်းမသိဖြစ်နေသည်။
အကုန်လုံးနားလည်အောင်လို့ လူအမြန်သတ်ပါတော့လို့ သွားပြောရမည့်ပုံပေါက်နေသည်။သုံးယောက်လုံးက မကောင်းသူတွေမို့ ထွေထွေထူးထူးသိပ်မခံစားရပေ..
သေဆုံးတဲ့ရက်တွေကိုကြည့်လိုက်တော့
"1.3.2024
8.3.2024
15.3.2024"ဖြစ်နေသည်။တစ်ယောက်နဲ့တစ်ယောက်သေဆုံးတဲ့ရက်က ရက်သတ္တပတ်ကွာနေသည်။နေရာကိုကြည့်လိုက်တော့ ဘုံဘေမြို့ထဲမှာသာဖြစ်နေသည်။
ဒါဆို နောက်ရက်သတ္တပတ်ကြာပြီးရင် နောက်ထပ်လူသတ်မှုပြန်ဖြစ်မယ်ဆိုတဲ့သဘောပေါ့....
ဘယ်ကနေစရှာရမှန်းမသိသေးတာကြောင့် တစ်ခြားအမှုသေးတွေကိုအရင်ဖြရှင်းဖို့လုပ်လိုက်သည်။
ဒီမနက်လာတိုင်ထားတဲ့အမှုတစ်ခုကိုကြည့်လိုက်တော့ တရားမဝင်ပစ္စည်းတွေကို ASB university အတွင်းထဲမှာရောင်းဝယ်နေတဲ့အမှုဖြစ်သည်။