1.5

731 50 6
                                    

<Unicode>
LK ကသူ့ကတိအတိုင်း မိဘမဲ့ဂေဟာကို 3 ရက်အတွင်းအပြီးဆောက်လိုက်သည်။စစ်လွန်းသူက သူ့ကိုထောင်ချမဲ့သူမရှိတော့တာကြောင့် mission အားလုံးက ပြီးခါနီးနေပြီ...

မကောင်းတဲ့အလုပ်ကိုစွန့်ပစ်ရန် ဆိုတဲ့ mission သာကျန်တော့သည်။ဒါကို လုပ်ဖို့ဆို သူ့ကိုကိုသဘောတူမှဖြစ်နိုင်မှာ..

ဘာလို့လဲဆိုတော့ သူသာထွက်သွားပြီး သူ့ကိုကိုက ဆက်လုပ်နေရင် တစ်နေ့တစ်ချိန်ကြရင် နှစ်ယောက်သားက အကြောင်းအမျိုးမျိုးဖြစ်လာပြီ ဝေးသွားနိုင်ချေရှိသည်။

ဥပမာပြောရရင် သူ့ကိုကိုက ဒီအလုပ်ဘဲဆက်လုပ်နေလို့ မတော်တဆ ထောင်ကျသွားတယ်ဆိုပါစို့ သူဘဲကျန်ခဲ့ရမှာမလား...

' host ရဲ့ဥပမာကြီးကလည်း'

'ဘာဖြစ်လဲ ပေးချင်တာပေးမှာ‌ပေါ့လို့'

'ဘာမဖြစ်ဘူး မတော်လို့ host လင် LK ကြီးထောင်ကျသွားတယ်ဆိုပါစို့ host မှာလည်းကိုယ်ဝန်နဲ့ကျန်ခဲ့တယ်ကွာ အဲ့မှာ LK ကြီးက ထောင်ထဲမှာသေသွားရင် host ကဗိုက်တစ်လုံးနဲ့ကျန်ခဲ့ပြီး လူတကာရဲ့တံတွေးခွက်ထဲ လက်ပစ်ကူး ကလေးမွေးခါနီး အားအင်ပြတ်လပ်ပြီး ရှုမကောင်း မြင်မကောင်း...'

'တော်လိုက်တော့ မင်းကလေ ဆူးတွေနဲ့ပြည့်နက်နေပြီး အဲ့လို မကောင်းတဲ့အတွေးဘဲ ရှိနေလို့ crush ဆီကအဖြေအမြန်မရတာ'

'ဟား ဟား ကျနော့်မှာဝောာင် crush ရှိသေးတယ် host ဝောာင် မူးရင်ရှုစရာ ရည်းစား၊ချစ်ရမဲ့သူမရှိဘူးမလား '

'မင်းက crush ဘဲရှိတာလေ ငါ့မှာက ခန့်ချောကြီး အမိုက်စား body နတ်သားတစ်ပါးလို ကြည့်ကောင်းတဲ့ ရုပ်ရည်တွေနဲ့ ပြည့်စုံတဲ့ လင်တစ်ယောက်လုံးရှိတယ် အာ..ပြောရင်းဆိုရင်း ငါ့ကိုကိုပြန်လာပြီ အခုထိ crush ဆီက အဖြေပြန်မရတဲ့မင်းက ထိုင်ကြည့်ပေါ့'

Porcupine လည်း host ပြောတဲ့စကားတွေမှန်နေတာကြောင့် မျက်နှာဆူပုတ်သွားသည်။

'အဲ့ crush စုတ်ကလည်း ဘာလို့အခုချိန်ထိ ငါ့ကိုအဖြေပြန်မပေးတာလဲ မသိဘူး အခုတော့နှိမ်ခံလိုက်ရတယ် အဟင့် crush မကောင်းဘူး'

System 11111 (Complete)Where stories live. Discover now