6.2

481 35 2
                                    

<Unicode>
အိမ်ကိုပြန်ရောက်တော့ သူ့မိဘနှစ်ပါးက စိတ်ပျက်မှိုင်ထွေးပြီး အိမ်ရှေ့က ခြံမှာခြေဆင်းထိုင်နေကြသည်။

ကျောက်ရှစ်ကျင်း အပြုံးနဲ့ခြံတံခါးကိုတွန်းဖွင့်ပြီးဝင်လာကာ

"ပါး မား ခေါက်ဆွဲကြော်စားရအောင်"

"ဟင် သားဘယ်ကပိုက်ဆံနဲ့ဝယ်လာတာလဲ အိမ်မှာဟင်းရှိရဲ့သားနဲ့"

"မားကလည်း သားကမားတို့နဲ့အတူတူစားလို့ရအောင်ဝယ်လာတာပါ သားဒီနေ့အလုပ်တစ်ခုရခဲ့တယ် အင်တာနက်ကဖေးဆိုင်မှာ ဝန်ထမ်းလုပ်ရမှာ လခလည်းအဆင်ပြေတယ်"

"အမေနဲ့အဖေကတော့ အလုပ်ရှာလည်း အလုပ်မရခဲ့ဘူး"

"စိတ်မပူပါနဲ့ မား သားကမားတို့သားပါ သားပြန်လုပ်ကျွေးပါ့မယ် အခုတော့ခေါက်ဆွဲကြော်စားရအောင် သာဗိုက်ဆာနေပြီ"

ဗိုက်လေးကိုပွတ်ပြကာ ပြောလိုက်တော့ ကျောက်သခင်မကြီးက ပြုံးကာ ကျောက်ရှစ်ကျင်းလက်ထဲက ခေါက်ဆွဲကြော်ကိုယူကာ အိမ်ထဲဝင်သွားပြီး ပန်းကန်ထဲထည့်လိုက်သည်။

ကျောက်သခင်ကြီးကလည်း အရွယ်ရောက်လာတဲ့သူ့သားကိုကြည့်ပြီး ပြုံးလိုက်သည်။မနေ့တနေ့ကထိ အရမ်းချမ်းသာတဲ့မိသားစုက အကြောင်းပြချက်မရှိဆင်းရဲသွားတာကို သူအခုချိန်ထိမယုံကြည်နိုင်သေးဘူး...

ကျောက်ရှစ်ကျင်း ကျောက်သခင်ကြီးရဲ့လက်မောင်းကိုသွားတွဲလိုက်ပြီး

"ပါး စိတ်မပူပါနဲ့ သားကအားလုံးကိုအရင်တိုင်းပြန်ဖြစ်အောင်ကြိုးစားမှာမို့ အဲ့ချိန်ထိသည်းခံနေပေးနော်"

"အင်းပါသား‌ရယ် လာ သွားစားရအောင်"

"ဟုတ်"

ခေါက်ဆွဲကြော်ပြင်ထားတဲ့ စားပွဲသေးမှာ သုံးယောက်လုံးအတူတူထိုင်ပြီး စားသောက်လိုက်ကြသည်။ညမိုးချုပ်လာပြီမို့ ဖုန်းကိုယ်စီကြည့်ကာ အိပ်ယာဝင်ခဲ့ကြသည်။

...

တစ်ခြားတစ်ဖက်မှာတော့ ဝမ်ချန်းဆန်းနဲ့လျှိုမိန်းမိန်တို့မှာ သူတို့ခိုင်းထားတဲ့လူတွေဆီကနေ အဆက်အသွယ်မရတာကြောင့် သူတို့တပည့်ကို သွားကြည့်ခိုင်းချိန် ရုပ်ပျက်ဆင်းပျက်သေနေတဲ့သူတွေရဲ့ဓါတ်ပုံကိုသာပြန်ရခဲ့ကြသည်။

System 11111 (Complete)Where stories live. Discover now