<Unicode>
နံရံမှာ"K"
ဆိုတဲ့စာလုံးကိုထွင်းလိုက်ပြီးပြတင်းပေါက်ကနေခုန်ထွက်ပြီးအိမ်ကိုပြန်ဖို့ပြင်ချိန် နားထင်ကိုအေးစက်နေတဲ့သေနတ်ပြောင်းဝနဲ့အချိန်ခံလိုက်ရသည်။
တစ်ဆက်ထဲမှာဘဲ
"ရပ်လိုက်"
ဆိုတဲ့အသံကိုကြားလိုက်ရသည်။ဗစ်ရှဝါ ခုနက ရှီကာစာလုံးထွင်းနေတဲ့အချိန် နီးစပ်ရာရဲသားတွေကို ဖုန်းခေါ်ထားသည်။
"အိမ်မှာဘာလို့မအိပ်နေတာလဲကလေးရာ ညဉ့်နက်နေပြီလေ အိပ်ရေးမဝရင် ခေါင်းကိုက်နေမယ်"
"ကျနော့်ကိုတကယ်ချစ်ခဲ့လား"
"ချစ်တာပေါ့ ကလေးက ကိုယ့်ရဲ့အချစ်ဦးဖြစ်သလို နောက်ဆုံးလူလည်းဖြစ်တယ် နောက်ဆုံးထွက်သက်အချိန်မှာ ကိုယ်ရဲ့ဘေးမှာရှိစေချင်မိတာလည်း ကလေးဘဲ"
"ဘာလို့ ကလေးကို ဖုံးကွယ်ခဲ့တာလဲ"
"မရည်ရွယ်ပါဘူးကလေးရယ်"
ရှီကာက နောက်လှည့်ပြီး ကလေးဆီမှာ လိမ်လိမ်မာမာနဲ့ဘဲ အဖမ်းခံလိုက်သည်။ထိုအချိန် ရဲကားတွေကလည်း တဝီဝီနဲ့ရောက်ရှိလာသည်။
ရှီကာကို အချုပ်ခန်းထဲမှာထည့်လိုက်ပြီး မနက်ဖြန်ဆိုထောင်ကိုပို့ရမည်ဖြစ်သည်။
ဗစ်ရှဝါလည်း သူ့ကိုကိုသေချာမြင်ရတဲ့နေရာမှာ စားပွဲနဲ့ခုံကိုရွှေ့ပြီး သူ့ကိုကိုကိုကြည့်နေလိုက်သည်။အချုပ်ခန်းထဲကထောင့်မှာ ထိုင်ပြီးသူ့ကိုတစိမ့်စိမ့်ကြည့်နေတဲ့ကိုကိုကြောင့် ဗစ်ရှဝါမျက်ရည်ဝဲလာသည်။
ထို့ကြောင့်မကြည့်မိအောင်ထိန်းရင်း ရှီကာ ရေးခဲ့တဲ့စာလုံးတွေကိုစီကြည့်လိုက်သည်။
"AHSHUK အာရှုတ်ခ် "
ဗစ်ရှဝါရဲ့အသံကိုကြားတော့ ရှီကာက
"အာရှုတ်ခ်ရှီကာ ကိုယ့်နာမည်"
ဗစ်ရှဝါလည်း Google မှာ AHSHUK SHIKA ဆိုတဲ့နာမည်ကိုရိုက်ရှာလိုက်တော့ သူ့ကိုကိုရဲ့ပုံအများအပြားထွက်ပေါ်လာသည်။
အံဩသလို ရှီကာကိုကြည့်ပြီး ပုံတွေကိုတစ်ပုံချင်းစီကြည့်လိုက်သည်။ အာရှုတ်ခ်ရှီကာဆိုတဲ့သူဟာ အိန္ဒိယတစ်ပြည်လုံးမှာ အတော်ဆုံး ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်သည်။