<Unicode>
ထိုပုံရိပ်ဟာ လမ်းမလျှောက်ပါဘဲနဲ့ လေပေါ်မှာသာ ရွေ့လာရင်း ညောင်ပင်အနီးရောက်လာသည်။အနားရောက်လာလေလေ ထိုပုံရိပ်ဟာပီပြင်လာသည်။ဆံပင်တွေဟာ ခါးထိရှည်နေပြီး 10 နှစ်လောက်ခေါင်းမဖြီးထားသလို ရှုပ်ပွနေသည်။
ဆံပင်တွေက ရှည်ပြီး မျက်နှာရှေ့ကိုလည်း ကွယ်ထားတာကြောင့် ရုပ်ကိုတော့မတွေ့သေးပေ...
ထိုသရဲမက လေနဲ့အတူရွေ့လာရင်း နိုင်ဖရာအရှေ့ကိုရောက်လာသည်။နိုင်ဖရာလည်း ထိုသရဲမရဲ့ ပုံရိပ်ကိုတွေ့ကတည်းက တင်ပလွေထိုင်ပြီး ကျောမတ်ကာ ခပ်တည်တည်ထိုင်နေသည်။
ထိုသရဲမအနီးရောက်လာချိန်
"ငါဟဲ့ နိုင်ဖရာ ငါလိုဆရာအမိန့်နာခံစေ အသင်သရဲမ အခုချက်ချင်း ရပ်စမ်း"
"အဟီးဟီး အဟားဟား"
ထိုသရဲမက ကြောက်မယ်ဖွယ်ကောင်းတဲ့အသံနဲ့ရယ်မောလာပြီး မရပ်တဲ့အပြင်ပိုတိုးကာ ရွေ့လာသည်။
ကြိုးအနားကိုရောက်တော့ ကြိုးထဲက အနီရောင်အလင်းတန်းတွေထွက်လာပြီး ထိုသရဲမကိုအနားကပ်မရအောင် တွန်းထုတ်တော့သည်။
ထိုသရဲမက ကြိုးအနား ထပ်ခါထပ်ခါချဉ်းကပ်လာပေမဲ့ ပူလာတာကြောင့် မျက်နှာကို မော့ကာ နိုင်ဖရာကို စူးရဲစွာကြည့်လာတော့သည်။
နိုင်ဖရာမှာ သရဲမရဲ့မျက်နှာကိုတွေ့သွားပြီး
"အမလေး!!!...ရုပ်ဆိုးလိုက်တဲ့ သရဲမ အဟီးဟီး မေမေရေ သားကြောက်တယ် ကိုကိုရေ ကလေးကိုကယ်ပါအုံး porcupine ရေ မင်း host ကိုကယ်ပါအုံး ငါမလုပ်တော့ဘူး သရဲနှိမ်နင်းတဲ့ဆရာမဖြစ်ချင်တော့ဘူး အီးဟီးဟီး ကြောက်တယ်လို့ ငိုးမသရဲမ ခေါင်းငုံ့ထားစမ်း ဆိုးလိုက်တဲ့ရုပ်ကြီး"
နိုင်ဖရာမှာ သရဲနှိမ်နင်းတဲ့ဆရာဆိုတဲ့ဂုဏ်ပုဒ်မှ မထောက် အာပြဲကြီးနဲ့အော်ငိုနေသည်။ပါလာတဲ့စောင်ပါးကိုပါ ခေါင်းမြှီးခြုံထားပြီး မျက်လုံးသာဖော်ကာ သရဲမကိုလည်း အော်နေသေးသည်။
(ကြောက်နေကြမှာဆိုးလို့နော်🤣🤣)
'host!!! host က သရဲနှိမ်နင်းတဲ့ဆရာလေ နှိမ်နင်းလိုက်ပါလား'