4.10

492 34 1
                                    

<Unicode>
နိုင်ဖရာ သူ့ကိုကို ကိုအိမ်ထဲက စောင်အပါးတစ်ထည်ကိုအမြန်သွားယူခိုင်းလိုက်သည်။သူ့ကိုကို ပုံရိပ်ကိုမတွေ့တော့မှ ကြောက်ဖို့ကောင်းတဲ့မျက်နှာနဲ့ အိမ်ကြီးကိုကြည့်နေတဲ့ မယ့်နန်ကျန်းကို

"မယ့်နန်ကျန်း "

ဆိုပြီးခေါ်လိုက်သည်။မယ့်နန်ကျန်းက သူ့ခေါ်သံကိုကြားတော့ ပြန်မထူးဘဲ နီရဲနေတဲ့မျက်ဝန်းနဲ့ကြည့်လာသည်။

"ကြောက်စရာကောင်းတဲ့မျက်နှာနဲ့လာမကြည့်ပါနဲ့ဟာ ကြောက်လို့ပါ "

နိုင်ဖရာပြောလိုက်တော့ မယ့်နန်ကျန်းက သူမသေခင်ကရုပ်အဖြစ်ပြောင်းလိုက်သည်။

" မင်းကိုငါ ဘဝကူးကောင်းစေချင်တယ် ငါဘာလုပ်ပေးရမလဲ"

"နိုင်ဖရာ နင်ငါ့အကိုကိုချစ်နေတာမဟုတ်ဘူးလား"

"ချစ်တယ်လေ ခုနကတောင်နမ်းနေတာ မတွေ့ဘူးလား ဘာလဲမင်းရှေ့မှာ ဘာဘာ ပြရအုံးမလား"

"အရှက်ကိုမရှိဘူး ငါ့အကိုကိုလည်း သူတို့သတ်တာဘဲဖြစ်နိုင်တယ် ဒါကိုနင်က ငါ့ကိုတားပြီး သူတို့ကိုကာကွယ်ပေးအုံးမလို့လား"

"မင်းအထင်လွဲနေပြီ ငါမေးတာ မင်းဘဝကူးကောင်းအောင်ငါဘာလုပ်ပေးရမလဲဘဲမေးတာ"

"သူတို့အကုန်လုံးကို သတ်ချင်တယ် တစ်ယောက်မကျန် သတ်ပစ်ချင်တယ် သူတို့သေမှ ငါဘဝကူးနိုင်မယ်"

"ကောင်းပြီလေ သွားသတ်ချေ တစ်ယောက်မှမကျန်စေနဲ့ ပချာဆွမ်ကိုလည်း အလွှတ်မပေးနဲ့ သူတို့ကများ ငါ့ကိုကိုကိုထိရဲတယ်"

နိုင်ဖရာကြိမ်းဝါးနေချိန် သူ့ကိုကိုက စောင်ပါးတစ်ထည်ကိုင်ကာ ပြုံးရင်း သူ့ဆီလျှောက်လာနေသည်။

ဒီလူသားရဲ့ခုနကပုံကိုပြန်မြင်ယောင်မိတော့ ပချာဆွမ်ကိုသတ်ပစ်ချင်စိတ်က ပိုပေါ်လာသည်။

ဒီလူသားက ရဲဝတ်စုံဝတ်နေချိန် ဘယ်လောက်တောင်ကြည့်ကောင်းလိုက်မလဲ အခုတော့ သရဲဘဝကိုရောက်မှန်းမသိရောက်နေရတယ်...

နိုင်ဖရာ သူ့ကိုကိုကိုပြုံးပြလိုက်ပြီး

"ကိုကို ဒီမှာခဏစောင့်နေအုံးနော် ကလေး မယ့်နန်ကျန်းနဲ့စကားနည်းနည်းလောက်ပြောချင်လို့"

System 11111 (Complete)Where stories live. Discover now