5.10(ပြီး)

559 31 7
                                    

<Unicode>
အကုန်လုံးက ပိုကြောက်လာကာ တစ်ယောက်နဲ့တစ်ယောက်ပိုမိုတိုးကပ်သွားကြသည်။

မီးတုတ်ကိုလည်း အပေါ်တင်လိုက် ခြေထောက်နား ဝေ့လိုက်နဲ့ ခပ်သွက်သွက်လျှောက်နေကြသည်။

One သူ့ဘေးနားကနေ တရှပ်ရှပ်အသံကြားတာကြောင့် မီးတုတ်ကို ထိုနေရာနား ဝေ့ယမ်းလိုက်တေ။သူ့ဆီလာနေတဲ့ နွယ်ရှင်က မီးတုတ်နဲ့အရိုက်ခံရကာ တောနက်ထဲ ကြောက်လန့်တကြားပြန်ဆုတ်သွားသည်။

ခပ်သွက်သွက်လျှောက်နေကြသလို နွယ်ရှင်တွေကိုလည်း မီးတုတ်နဲ့ ရိုက်မိသူက ရိုက်မိ ခြောက်လန့်သူက ခြောက်လန့်နဲ့ ခြောက်ခြားဖွယ်ကောင်းတဲ့ နွယ်ရှင်တောထဲကနေ လွှတ်မြောက်လာကြတော့သည်။

အားလုံးက တောအလွန်ကို ရောက်တော့ မြေပြင်ပေါ် ပစ်လဲသူက ပစ်လဲ ရင်ဘက်ကို ဖိသူကဖိနဲ့ အမောဖြေနေကြသည်။

တောထဲမှာသူတို့ဘယ်လောက်တောင် ကြောင်ခဲ့ရလဲဆိုတာ သူတို့ဘဲသိလိမ့်မည်..ထိုနေရာမှာ 5 မိနစ်လောက်နားပြီးနောက်မှာတော့ သန့်စင်နယ်မြေကို ကာကွယ်ထားတဲ့ အကာကွယ်တစ်ခုကို တွေ့လိုက်ရသည်။

အကာကွယ်က ဒီတိုင်းကြည့်ရင် မတွေ့ပေမဲ့ အဲ့ဒီအနားကို သွားပြီး ကျော်ဖို့ပြင်ရင် တစ်စုံတစ်ခုက သူတို့ကိုပြန်တွန်းကန်တာခံလိုက်ရသည်။

ဝင်ရအောင်လို့ စွမ်းအားကိုယ်စီနဲ့ ပစ်ပေမဲ့ အကာကွယ်က ပျက်စီးမသွားပေ... Eleven က ထိုအကာကွယ်ကို သေချာကြည့်ပြီး အားနည်းချက်ရှာဖွေလိုက်သည်။

Eleven နည်းသူ Zero ၊One ၊Twelve တို့လည်း မတိုက်တော့ အနားကိုသွားကာ သေချာကြည့်နေကြသည်။

အကာကွယ်စည်းတိုက်ခိုက်ရတာကို အထဲက သူတွေကကြားလို့ထင်ပါရဲ့ လက်နက်ကိုယ်စီကိုင်ပြီး ပြေးလာကြသည်။

သူတို့ကိုတွေ့တော့ နယ်မြေအကြီးအကဲလို့ထင်ရသူတစ်ယောက်က

"မင်းတို့က ဘယ်သူလဲ"

မေးလာတဲ့အသံကို One ကြားတော့

"ကျနော်တို့က သန့်စင်နယ်မြေဆီ ခိုလှုံဖို့ရောက်လာတဲ့သူတွေပါ ဒီက အကြီးအကဲ ကျေးဇူးပြု၍ကျနော်တို့ကို ခိုလှုံခွင့်ပြုပါ"

System 11111 (Complete)Opowieści tętniące życiem. Odkryj je teraz