<Unicode>
ပြုံးပြီးထွက်လာတဲ့ အိုအီဂျူကြောင့် လူတိုင်းက မင်းသမီးနေရာတော့ရွေးပြီးပြီထင်တယ်ဆိုပြီး ထင်ကြေးပေးကြတော့သည်။ခနအကြာမှာနံပါတ်စဉ် ၂၅ ကိုခေါ်လာတာကြောင့် နမ်ဆယ်ဟျော့ ဆံပင်ကို ခပ်ပွပွလေးထပ်လုပ်လိုက်ပြီးဝင်သွားလိုက်သည်။
သူဝင်သွားချိန် ဒိုင်လူကြီးတွေက ခုနက အိုအီဂျူက ချစ်ဖို့ကောင်းကြောင်း အသံကလည်းချိုကြောင်း သရုပ်ဆောင်လည်းမဆိုးကြောင်းပြောနေကြသည်။
ဝင်လာတဲ့သူ့ကိုမမြင်တာကြောင့် နမ်ဆယ်ဟျော့
"မင်္ဂလာပါ နံပါတ်စဉ် ၂၅ နမ်ဆယ်ဟျော့ပါ"
ဆိုပြီးအသံအနည်းငယ်ကျယ်ပြီးနှုတ်ဆက်လိုက်သည်။ထိုအခါမှ ဒိုင်တွေက သူ့ကိုလှည့်ကြည့်လာပြီး
"ဒီတစ်ယောက်လည်း ချစ်ဖို့ကောင်းတယ်ဟ"
ဆိုပြီး တီးတိုးပြောလာကြသည်။ဘတ်ဟွန်းဆူ ဒီကောင်လေးကို ကြည့်မိချိန် နှလုံးသားက တဒုတ်ဒုတ်ခုန်လာတာကြောင့် ခုန်နေတဲ့နှလုံးသားကိုကြည့်လိုက် ရှေ့ကရီနေတဲ့ကောင်လေးကိုကြည့်လိုက် လုပ်နေမိသည်။
ဒါရိုက်တာကြီးက နမ်ဆယ်ဟျော့ကိုလည်း ဇာတ်ညွှန်းကိုယ်တိုင်သွားပေးလေသည်။နမ်ဆယ်ဟျော့လက်နှစ်ဖက်နဲ့ယူရင်း ခေါင်းငုံ့ကာ
"ကျေးဇူးတင်ပါတယ်ဗျ"
ဆိုပြီးပြောလိုက်သည်။ဒါရိုက်တာကြီးမဇ သဘောတကျနဲ့ ခေါင်းတငြိမ့်ငြိမ့်နဲ့သူ့နေရာမှာသွားထိုင်လေသည်။
နမ်ဆယ်ဟျော့ သူ့ကိုစိုက်ကြည့်နေတဲ့ ဘတ်ဟွန်းဆူကို လစ်လျူရှူကာ ဇာတ်ညွှန်းကိုဖတ်ကြည့်လိုက်သည်။
"ဒါရိုက်တာကြီး စလို့ရပါပြီ"
"အင်း စရအောင်"
နမ်ဆယ်ဟျော့ သူဝတ်ထားတဲ့အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး T-shirt အဖြူကိုပါချွတ်လိုက်သည်။ဆံပင်ကိုလည်း အရင်ကထပ်ပိုဖွလိုက်ပြီး ခပ်ဆိုးဆိုးကောင်လေးပုံစံပြုံးလိုက်သည်။
အင်္ကျီမပါတဲ့နမ်ဆယ်ဟျော့ရဲ့အပေါ်ပိုင်းကိုကြည့်ပြီး ဘတ်ဟွန်းဆူ တံတွေးတစ်ချက်မြိုချလိုက်ပြီး မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတော့သည်။