<Unicode>
နိုင်ဖရာသူ့ကိုကိုဆီ ထွက်လာချိန် သူပြောထားသလို စည်းဝိုင်းမှာ ငြိမ်သက်စွာထိုင်နေတဲ့ သူ့ကိုကိုကြောင့် ပြုံးလိုက်ကာ"ကိုကို ကလေးဆီလာခဲ့"
ဆိုပြီး လက်နှစ်ဖက်ဆန့်တန်းကာ ပြောလိုက်သည်။နိုင်ဝတ်လည်း လိမ္မာစွာ သူ့အနားကိုရောက်လာပြီး ရင်ခွင်ထဲတိုးဝင်လာခဲ့သည်။
"အဝေးဆုံးကိုထွက်သွားကြမယ် လိုက်မယ်မလားဟင်"
"ကလေးနောက်ဆို ကိုယ်က ရေမြေအဆုံးလိုက်ခဲ့မှာ"
"အရမ်းချစ်တယ်ကိုကို"
"ကိုယ်လည်းချစ်တယ်နော်"
နှစ်ယောက်သား ဖက်တွယ်နေချိန်တွင် မယ့်နန်ကျန်းက လေပေါ်ကနေပျံဆင်းလာပြီး သူတို့အနားကိုရောက်လာသည်။
မယ့်နန်ကျန်းက အငြိုးတွေကျေပြီး နောက်ဘဝကိုကူးဖို့အဆင်သင့်ဖြစ်နေတာကြောင့် သူ့ရဲ့ အင်္ကျီဟာ အဖြူရောင်ဂါဝန်အစဖြစ်သွားတော့သည်။
သူ၏မျက်နှာဟာလည်း အေးချမ်းနေသည်။နှုတ်ခမ်းပါးပေါ်က အပြုံးဟာလည်း မြင်သူတိုင်းကို ငေးစေသည်။
မယ့်နန်ကျန်းက နိုင်ဖရာကိုကြည့်လိုက်ပြီး
"ကျမအကိုကိုစောင့်ရှောက်ပေးပါအုံးနော် ပြီးတော့ ကျမ ကလေးကိုရောဘဲ"
"ဟမ် ကလေး!!...ဟဲ့ နေအုံးလေ ဟာ မယ့်နန်ကျန်း"
နိုင်ဖရာအော်ခေါ်နေပေမဲ့ မယ့်နန်ကျန်းဟာ ပြုံးသာနေပြီး သူ့ရဲ့ခန္ဓာကိုယ်ဟုလည်း ချယ်ရီပွင့်ဖက်တွေအဖြစ်ပြောင်းလဲသွားကာ ဟိုးကောင်းကင်ပေါ်ကို ဝဲတက်သွားလေသည်။
မယ့်နန်ကျန်းမရှိတော့တာကြောင့် နိုင်ဖရာလည်း လောင်ကျွမ်းစေတဲ့ဂါထာတစ်ခုကိုရေရွတ်ကာ အိမ်ကြီးကို ပြာချစေလိုက်တော့သည်။
ထို့နောက် တွေ့တဲ့ကားတစ်စီးကို ယူပြီး တောင်တန်းတစ်ခုပေါ်ကိုမောင်းလာခဲ့သည်။အချိန် ၁၂ ကျော်ပြီး ၁ နာရီထိုးခါနီးမို့ တောင်ပေါ်တက်တဲ့လမ်းဟာ ကားမီးရောင်ကလွဲ၍ဘာအလင်းမှ မရှိ...
မောင်းနေရင်း တောင်ထိပ်ရောက်ဖို့အကွေ့တစ်နေရာမှာ အသက် ၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က ကားလာတားလေသည်။