<Unicode>
ဟွန်းဆူက ဆယ်ဟျော့နှင့်ဒိတ်နေသလိုပုံဖော်ပြီး အပြုံးတွေဖောဖောသီသီပေးကာ အိုအီဂျူကိုဂရုစိုက်တော့သည်။အသားလေးတွေကအစသေချာလှီးပေးပြီး အပြုံးတွေဆိုတာလည်းမရပ်တန့်နိုင်တော့ပေ...ထိုပုံစံကို အိုအီဂျူ fan တွေကတွေ့ပြီး ဓါတ်ပုံတွေ ဗီဒီယိုတေံရိုက်ပြီးတင်ကြတော့သည်။
နှစ်ယောက်သားကမသိသလို ဆယ်ဟျော့ကလည်းသူ့အလုပ်တွေကြောင့်မအားနိုင်ဖြစ်ကာ သတင်းမကြည့်မိပေ...
ညနေ 7 နာရီကျော်တော့ ဆယ်ဟျော့နဲ့ဟွန်းဆူက တိုက်ခန်းကဓါတ်လှေကားတွင်လာဆုံကြသည်။
"ကလေး ညစာစားပြီးပြီလား"
"မစားရသေးဘူး ရောက်တာနဲ့ဓါတ်ပုံ video ရိုက်နေရလို့အားကိုမအားဘူး"
"ဒါဆို ကိုယ်တစ်ခုခုချက်ပေးရမလား"
"ရပါတယ် ကိုကိုရောစားပြီးပြီလား"
"ညနေကတော့စားထားတယ် ဒါပေမဲ့ဆံ့သေးတယ်"
"ဒါဆို စားသောက်ဆိုင်တစ်ခုခုမှာဘဲသွားစားရအောင်"
"အင်း ကလေးသဘောလေ ပြန်ဆင်းကြတာပေါ့"
နှစ်ယောက်သားက ဓါတ်လှေကားကို အောက်ပြန်ဆင်းဖို့ ခလုတ်နှိပ်ပြီးဆင်းကာ နီးတဲ့စားသောက်ဆိုင်တစ်ခုမှာ ညစာသွားစားကြတော့သည်။
ဘတ်ဟွန်းဆူသူမျှော်လင့်ထားသလိုကလေးက သူနဲ့ညစာစားနေပြီမို့ ဘာမှမတွေးတော့ဘဲ ဘောင်းဘီအိတ်ကပ်ထဲမှာထည့်ထားတဲ့ဘူးကိုထုတ်ကာ ဆယ်ဟျော့ရှေ့တင်ပေးလိုက်သည်။
"ဘာလဲ"
"ဖွင့်ကြည့်"
"အင်း"
ဆယ်ဟျော့ဖွင့်ကြည့်လိုက်တော့ ဆင်တူလက်စွပ်နှစ်ကွင်းက ငွေရောင်တလတ်လတ်နဲ့လှပစွာရှိနေသည်။
ဆယ်ဟျော့ ဟွန်းဆူကိုကြည့်လိုက်ချိန် ဟွန်းဆူက သူ့ထိုင်ခုံကနေထပြီး ခါးကိုင်းကာ
ဆယ်ဟျော့ရဲ့နှုတ်ခမ်းကို ထိကပ်ရုံနမ်းလာသည်။"ကိုယ်ကလေးကိုချစ်တယ် တကယ်လို့ကလေးလည်း ကိုယ့်ကိုချစ်ရင် လက်စွပ်တစ်ကွင်းကိုလက်မှာဝတ်လိုက် မချစ်ရင်တော့ထပြန်သွားလို့ရတယ်"