<Unicode>
နောက်တစ်နေ့ နမ်ဆယ်ဟျော့ရေချိုးအဝတ်လဲကာ ထုံးစံအတိုင်း delivery နဲ့မနက်စာမှာစားလိုက်ပြီး မန်နေဂျာအစ်မနဲ့အတူ ဇာတ်ကားရိုက်ရမဲ့နေရာသို့ထွက်လာခဲ့သည်။သူတို့ရောက်လာချိန် အိုအီဂျူက ဘတ်ဟွန်းဆူအနားတဖြေးဖြေးကပ်နေပြီး စကားပြောဖို့စကားရှာနေချိန်ဖြစ်သည်။
နမ်ဆယ်ဟျော့ ကားပေါ်ကဆင်းတာနဲ့ ဘတ်ဟွန်းဆူဆီပြေးသွားကာ အနောက်ကနေ လည်ပင်းကိုသိုင်းဖက်လိုက်ပြီး
"ကျနော်ရောက်ပြီ "
ဆိုပြီးရီရင်းသွားပြောလိုက်သည်။အိုအီဂျူ
နမ်ဆယ်ဟျော့ဒီလိုလုပ်ချိန် ဘတ်ဟွန်းဆူပြန်အော်လိုက်မယ်ထင်ပေမဲ့ ဘတ်ဟွန်းဆူက မအော်တဲ့အပြင် ရီရင်း"ကိုယ်ကစောင့်နေတာ လာဒါရိုက်တာနဲ့သွားတွေ့ရအောင်"
"အင်းသွားရအောင်လေ"
ဘေးချင်းယှဉ်ပြီးလျှောက်သွားတဲ့နှစ်ယောက်ကို အိုအီဂျူကြည့်ရင်း လက်မှာကိုင်ထားတဲ့ရေဘူးကို ဖြစ်ညစ်ပစ်လိုက်ကာ make-up ပြင်တဲ့အခန်းဆီစိတ်တိုစွာပြန်သွားလေသည်။
နမ်ဆယ်ဟျော့နဲ့ ဘတ်ဟွန်းဆူက ဒါရိုက်တာနဲ့ စကားစမြည်းပြောရင်းနောက် ရိုက်ရမဲ့အခန်းတွေအတွက် အဝတ်သွားလဲကြတော့သည်။
အဝတ်လဲပြီးနောက် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြင်ပြီး စရိုက်ရမဲ့နေရာသို့ထွက်လာကြသည်။
ဒီနေ့ရဲ့ပထမဆုံးရိုက်ကွင်းက ဘတ်ဟွန်းဆူနဲ့ နမ်ဆယ်ဟျော့က လမ်းခုလတ်တစ်နေရာမှာတွေ့ပြီး နမ်ဆယ်ဟျော့ဘက်က ဘတ်ဟွန်းဆူကို မြင်မြင်ချင်းချစ်သွားမည်ဖြစ်သည်။
နှစ်ယောက်သားပထမအခန်းကိုရိုက်ပြီးနောက်ခနနားကာ ဒုတိယအခန်းဖြစ်တဲ့ ဘတ်ဟွန်းဆူနဲ့ အိုအီဂျူရဲ့ ဒိတ်ပုံဖြစ်သည်။
ဘတ်ဟွန်းဆူက အလုပ်ကိုသာကြိုးစားတဲ့ဇာတ်ကောင်ဖြစ်ပြီး အိုအီဂျူကတော့ ဘတ်ဟွန်းဆူကိုချစ်တာကြောင့် အရာရာကိုသည်းခံခွင့်လွှတ်ပြီး နားလည်ပေးတဲ့ပုံစံဖြစ်သည်။
ဘယ်လိုလဲဆိုတော့ ဘတ်ဟွန်းဆူက အလုပ်ကိစ္စနဲ့ဖုန်းပြောနေချိန် အိုအီဂျူက အလိုက်သင့်လေး ဟင်းတွေထည့်ပေးပြီး အပြုံးနဲ့သာ နေနေသည်။