<Unicode>
တေရဲ့လက်ဟာ ဆွေဖန်းရဲ့လက်ကိုမဆွဲမိဘဲ စီရဲ့လက်ထဲရောက်သွားသည်။စီက တေရဲ့လက်ကို သူ့လက်ချောင်းတွေကြားညှပ်လိုက်ပြီး"ကိုယ်က လွဲပြီးတစ်ခြားလူကိုမထိရဘူး"
ဆိုပြီး အေးစက်စက်ပြောလာသည်။တေလည်း mission ကိုအရှုံးခံဖို့တွေးလိုက်ပြီး စီရဲ့လက်ကိုပြန်ဖြစ်ညစ်ကာ
"အင်း ကိုကိုကလွဲရင် ဘယ်သူ့ကိုမှမထိတော့ဘူးနော်"
နှစ်ယောက်သားကြားက လေထုဟာ တစ်ခဏအတွင်းမှာဘဲ နွေးထွေးသွားပြီး လဲကျနေတဲ့ ဆွေဖန်းကို ချန်ရစ်ကာ အတန်းထဲဝင်ရောက်သွားကြတော့သည်။
ဆွေဖန်း ပြုံးရီနေတဲ့တေရဲ့မျက်နှာက အပြုံးကိုတွေ့လိုက်ရတဲ့တစ်ခဏ ပန်းကမ္ဘာရောက်နေငလိုခံစားလိုက်ရသည်။
ဒီကျောင်းကို တက်ဖို့ပြောတဲ့မိခင်ကိုတောင်စိတ်ထဲကနေ ကျေးဇူးလှမ်းတင်လိုက်သေးသည်။
ဆွေဖန်းဒီကိုရောက်ပြီး မကြာခင်မှာဘဲ ကျောင်းကလူတွေမှာ အပြုံးမရှိသလို စကားအပိုတွေလည်းမပြောကြမှန်းသတိထားမိလိုက်သည်။
ဒီကျောင်းမှာ သူ့လိုစကားအပိုပြောတတ်တာနဲ့ပြုံးတတ်တာက တေကလွဲလို့တစ်ခြားသူမရှိမှန်းသိလိုက်သည်။
'mission complete ပါပြီ '
Assistant system ရဲ့ရုတ်တရက်သတိပေးမှုကြောင့် တေအံဩသွားသည်။
'ငါသူ့ကိုမြူတောင်မမြူဆွယ်လိုက်ရသေးဘူးလေ'
'ဘာဘဲပြောပြော mission complete ပါပြီ'
တေ အရှေ့မှာ အေးစက်နေတဲ့အသံနဲ့စာသင်ကြားနေတဲ့ စီကိုပြန်ကြည့်လိုက်ရင်း အတွေးတွေအားလုံးကို စီဆီမှာသာထားလိုက်တော့သည်။
သိပ်မကြာခင်မှာဘဲ အတန်းပြီးသွားတာကြောင့် မနေ့ကလိုဘဲ စာကြည့်တိုက်စာကြည့်ခန်းဆီသွားဖို့ပြင်တော့သည်။
သူသွားခါနီး ဆွေဖန်းက သူ့အနားရောက်လာပြီး
"မင်္ဂလာပါ ကျမက ဆွေဖန်း ရှင့်နာမည်ကရော"
"....."
"ဟေ့ နာမည်ပြောအုံးလေ ဘာလို့ဘာမှမပြောတာလဲ"