<Unicode>
တေ အိမ်ပြန်ရောက်လာချိန် တေ့မိခင်က"တေ စီဘာဖြစ်သွားတာလဲ ကျောင်းကရော ဘယ်လိုဖြစ်တာလဲ"
"စီ လူဝင်စားဖို့သွားပြီမေမေ ကျနော် နားချင်ပြီ မနက်ဖြန် ကျောင်းဆောက်ဖို့ လက်သမားတွေခေါ်ပေးပါ မေမေ ပိုက်ဆံကျနော်ပေးမယ် စိတ်ညို့ပြီးတော့ ခေါ်မလာပါနဲ့"
တေ ထိုစကားသာပြောပြီး အခန်းပြန်ကာ အနားယူလိုက်သည်။သူအနားယူတာ ခနကြာတော့
'host ကွင်းဆက် mission (4)- ကျောင်းဆောက်ဖို့ ကျောင်းသားတွေကို အကူအညီတောင်းပြီး သူတို့နဲ့အတူတူဆောက်ပါ'
'မင်းကလည်း ကွင်းဆက် mission တစ်ခုတောင်မပြီးသေးဘူး နောက်တစ်ခုလာနေပြီလား'
'အမြန်လုပ်ပေါ့'
တေလည်း အနားဆက်မယူနိုင်တော့ဘဲ ဖစ်ဆီသွားရတော့သည်။ဖစ်ဆီရောက်တာနဲ့ ကျောင်းသူကျောင်းသားတွေကို မနက်ဖြန် ကျောင်းလာဖို့ ပြောခိုင်းလိုက်သည်။
ပစ်ကိုပါ လာကူဖို့အကူအညီတောင်းလိုက်သည်။ထို့နောက် လက်သမားတစ်ချို့ကိုပါ သွားရှာပြီး မနက်ဖြန် ကျောင်းကိုလာဖို့ လိပ်စာပေးကာ ပြန်သွားတော့သည်။
အိမ်ရောက်တာနဲ့ တန်ဖိုးကြီးပစ္စည်းတစ်ချို့ကို ဆိုင်တွေမှာ ထုခွဲရောင်းချပြီး ပိုက်ဆံလဲလိုက်သည်။
အားလုံးပြီးသွားမှ အိမ်ပြန်ကာ အိမ်မက်ကမ္ဘာထဲအလည်သွားတော့သည်။နောက်တစ်နေ့မိုးလင်းတာနဲ့ တေ မျက်နှာသစ်သွားတိုက် ရေချိုးပြီး ပေါ့ပါးတဲ့ဝတ်စုံလဲကာ ပိုက်ဆံတွေယူပြီး ကျောင်းသို့ထွက်လာခဲ့သည်။
'porcupine ငါ့ကို မနာကျင်အောင်လုပ်ပေး'
'ဟုတ် ခန္ဓာကိုယ်အဆင့်မြှင့်တင်ပေးမယ်နော် ခန္ဓာကိုယ်အဆင့်မြှင့်တင်ပေးနေပါသည် 1%..2%...3%...100%.... complete '
ခန္ဓာကိုယ်အဆင့်မြှင့်တင်ပြီးနောက် တေရဲ့ခန္ဓာကိုယ်ဟာ ပိုပေါ့ပါးသွားပြီး နေရတာပိုအဆင်ပြေသွားသည်။
သူကျောင်းရောက်ချိန်တွင် အကုန်လုံးက ပျက်စီးနေတဲ့ကျောင်းရှေ့တွင်ရပ်နေကြသည်။