<Unicode>
အနည်းငယ်နက်တဲ့အခွက်ကလေးရမှ ထိုအခွက်ထဲရေကို လက်ဖဝါးနဲ့ခပ်ထည့်လိုက်သည်။ရေကညစ်ပတ်နေတာမို့ သန့်ရှင်းတဲ့အဝတ်ပါးတစ်ခုကို ထုတ်လိုက်သည်။ထိုအဝတ်ပါးကို အခွက်ရဲ့ နှုတ်ခမ်းသားမှာ ပတ်ချည်လိုက်ပြီး One ကို တိုက်လိုက်သည်။
အဝတ်ပါးနဲ့ခံလိုက်တာကြောင့် ညစ်ပတ်နေတဲ့ရေတွေက အနည်းငယ်ကြည်သွားပြီး သောက်လို့ပိုအဆင်ပြေသွားသည်။
One ရေသောက်လိုက်ရတာကြောင့် အားအင်ပိုပြည့်လာသည်။ထိုနေရာမှာ အနည်းငယ်အနားယူကြပြီးနောက် ခရီးဆက်ခဲ့ကြသည်။
တစ်မိုင်လောက်ဆက်သွားပြီးချိန်မှာတော့ ကောင်းကင်မှာ နေမင်းကြီးအစား လမင်းကြီးဟာအစားထိုးဝင်ရောက်လာသလို ကြယ်တွေဟာလည်း တလက်လက်တောက်ပလာသည်။
ဒီညတော့ ထိုနေရာမှာအနားယူဖို့ပြင်ဆင်ကြတော့သည်။ထင်းခြောက်တွေကိုစုပြီး Eighty က မီးပုံများလုပ်လိုက်သည်။
ထိုမီးပုံနားမှာ အသီးသီးအနားယူကြတော့သည်။တစ်နေကုန်လမ်းလျှောက်ထားရတာကြောင့် အကုန်လုံးက ပင်ပန်းပြီး အိပ်ပျော်သွားကြဝောာ့သည်။
အားလုံး အိပ်မောကျနေချိန်
' porcupine ဝေ့ porcupine ငါ့အသံကြားရလား'
'ကြားပါတယ် host ဘာဖြစ်လို့လဲ'
'ဇာတ်လိုက်မကို မင်း system အစွမ်းနဲ့စောင့်ကြည့်ထားအုံး ဒီမသာမက အငြိမ်နေနိုင်တာမဟုတ်ဘူး တစ်ခုခုလုပ်လိမ့်မယ်'
'ဟုတ်'
Eleven လည်း သူ့ရဲ့ system လက်ထောက်ကို ဇာတ်လိုက်မ Nine ကိုစောင့်ကြည့်ဖို့လွှတ်ထားလိုက်သည်။
Twelve ခန့်မှန်းထားသည့်အတိုင်းပင် သန်းခေါင်ယံအချိန် ဇာတ်လိုက်မက အိပ်နေရာကနေထပြီး သူ့စွမ်းအင်ဖြစ်တဲ့ ပုံရိပ်ယောင်ဖန်တီးနိုင်တဲ့အစွမ်းကို အသုံးပြုတော့သည်။
Zero နဲ့ One အပေါ် သူ့စွမ်းအင်သုံးပြီး အဖွဲ့ဝင်တွေနဲ့ဝေးရာကို ခေါ်ဆောင်သွားတော့သည်။
Zero နဲ့ One လည်း သူတို့အိပ်နေချိန် သူတို့ချစ်ရသူတွေက နှိုးပြီး အဝေးကို လက်ဆွဲပြီး ခေါ်ဆောင်သွားတာကို ခံလိုက်ရသည်။