<Unicode>
Build ဒီကမ္ဘာရောက်တော့ လယ်ထဲမှာ ပေါက်ပြားပေါက်နေသည်။အောက်ပိုင်းကအစကို ခါးတောင်းကျိုက်ထားပြီး အပေါ်ပိုင်းက ဗလာဖြစ်နေသည်။ခေါင်းမှာလည်း ခမောက်ကို စောင်းထားသေးသည်။ဘယ်အချိန်ကတည်းက စပေါက်နေလဲမသိ ချွေးတွေတလုံးလုံးကျနေသည်။
Build လည်း ပေါက်ပြားကိုချလိုက်ပြီး အရိပ်ရတဲ့သစ်ပင်အောက်ခဏသွားထိုင်ပြီး ဘောင်းဘီအစနဲ့ ချွေးတွေကို လှန်သုတ်လိုက်သည်။
'porcupine ငါက ဒီမှာဘာလုပ်နေတာလဲ'
'ခြံပေါက်နေတာပါ ဒီကနေ ဟိုဘက်နည်းနည်းလျှောက်သွားရင် နိုင်ဖရာအိမ်ရောက်ပါပြီ'
'လမ်းမကြီးကူးရအုံးမှာပေါ့'
'ဟုတ်'
Build လည်း ပေါက်ပြားကို ပုခုံးပေါ်တင်ပြီး လမ်းမကြီးကိုဖြတ်ကာ အိမ်ပြန်လာခဲ့သည်။
(ပေါက်တူးနဲ့ ပေါက်ပြားဘယ်ဟာအပြောများကြလဲ🙄)
နိုင်ဖရာ အိမ်ရောက်တော့ နေကမွန်းတည့်ရောက်နေပြီ ထို့ကြောင့် ရေအေးတစ်ခွက်ခပ်သောက်ကာ နာရီဝက်လောက်နားလိုက်သည်။
ပြီးမှ အိမ်အောက်က စဉ့်အိုးကြီးထဲက ရေနဲ့ရေချိုးလိုက်သည်။အဝတ်လဲပြီး ဝရံတာမှာထိုင်ကာ ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်။
အခုသူနေနေတာက တောမကျမြို့မကျဖြစ်သည်။လမ်းမကြီးက ကတ္တရာခင်းထားပေမဲ့ ကားသွားလာတာတော့နည်းသည်။
တစ်နာရီမှ တစ်ခါကားဖြတ်သွားသံကြားရသည်။အိမ်နီးချင်းတွေကလည်း တစ်အိမ်နဲ့တစ်အိမ် ပေ ၁၀၀ လောက်ဝေးသည်။
အကုန်လုံးက လယ်ကွက်ကိုယ်စီရှိပြီး ထိုလယ်ကွက်မှာ ခရမ်းချဉ်သီး၊ခရမ်းသီး၊ဂေါ်ဖီထုပ်၊ မုန်ညှင်းဖြူ ၊ငရုတ်သီး..စတဲ့အသီးအရွက်တွေကိုစိုက်ပျိုးကြသည်။
ဖိမွန်ပန်တို့အိမ်က နိုင်ဖရာတို့အိမ်ရဲ့ ဘယ်ဘက် ပေ ၅၀၀ အကွာတွင်ရှိသည်။ထိုဘက်မှာတော့ အိမ်တွေက ရှေးခေတ်အိမ်လိုပုံစံများစွာရှိပြီး အိမ်အတွင်းမှာ ရေကန်ကိုယ်စီရှိသည်။
ဈေးကနေ ဒီကနေ ပေ ၁၀၀၀ အကျော်မှာသာရှိသည်။နိုင်ဖရာအကြောင်းပြောရမယ်ဆိုရင်သူက တစ်ကောင်ကြွက်သမားဖြစ်သည်။