<Unicode>
Twelve လည်း အချိန်အတော်ကြာအတူရှိခဲ့တဲ့ လူကို အဆုံးရှုံးမခံချင်တာကြောင့်"ခများ စတေးဖို့မလိုပါဘူး ကျနော့်မှာအကြံတစ်ခုရှိတယ်"
"ဘာများလဲ ကလေး"
"ကျနော်တို့ မီးတုတ် လုပ်လို့ရတယ်"
"မီးတုတ်လုပ်ဖို့ဆို ရေနံဆီလိုလိမ့်မယ်ကလေးရဲ့ ကိုယ်တို့မှာ ရေနံဆီမှမရှိတာ"
"လုပ်မှာလား မလုပ်ဘူးလား ဒါဘဲပြော"
"ကလေးပြောသမျှကို ကိုယ်ဘယ်တုန်းကဆန့်ကျင်ဖူးလို့လဲ လုပ်မယ်"
"ဒီလိုမှပေါ့ အားလုံးဘဲ ကျနော်ပြောတာကို နားထောင်ပေးကြပါ အရင်ဆုံး ကျနော်တို့ သုံးဖွဲ့ခွဲရအောင်"
အဖွဲ့သားတွေကလည်း Twelve စကားအတိုင်း သုံးဖွဲ့ခွဲလိုက်သည်။
"ပထမအဖွဲ့က ဝါးလုံးလိုက်ရှာပေးကြပါ ဝါးမတွေ့ဘူးဆိုရင်လည်း အနေတော်ရှိတဲ့ သစ်လုံးတွေရှာပေးကြပါ"
"ကောင်းပြီ"
Twelve က နောက်တစ်ဖွဲ့ကိုဆက်ကြည့်ပြီး
"ခများတို့က ကျနော့်ကို သစ်ပင်တွေမှာရှိတဲ့အဆီတွေကို လိုက်စုပေးကြပါ တကယ်လို့ အဆီမတွေ့ဘူးဆိုရင် လောင်လွယ်မဲ့ပစ္စည်းရှာလာပေးပါ"
ဒုတိယအဖွဲ့ကလည်း နားလည်ကြောင်း ခေါင်းငြိမ်ပြလာသည်။
"တတိယအဖွဲ့ကတော့ ကျနော့်ကို အဖွဲ့ဝင်တိုင်းရဲ့ အပေါ်ဝတ်တွေကို ချွတ်လာပေးပါ"
"Ok"
"အားလုံးဘဲ ညနေ နေမဝင်ခင် ဒီနေရာကို အရောက်ပြန်လာကြပါ"
အကုန်လုံးလည်း ခေါင်းငြိမ့်ပြကာ ကိုယ်တာဝန်ကျရာအလုပ်တွေကို လုပ်ကြတော့သည်။
တတိယအဖွဲ့ကလည်း အကုန်လုံးရဲ့ အပေါ်ဝတ်တွေကို Twelve ဆီယူလာပေးကြသည်။ Twelve လည်း ပါးတဲ့အဝတ်တွေကို ရွေးထုတ်လိုက်ပြီး ကျန်တာတွေကိုတော့ ပြန်ပေးလိုက်သည်။
ပထမအဖွဲ့ကိုတော့ ခေါင်းဆောင်ဖြစ်တဲ့ One ကဦးဆောင်က ဝါးလုံးတွေလိုက်ရှာတော့သည်။
သူတို့ရောက်နေတဲ့နေရာက တောအစပ်မှာမို့ ခြောက်သွေ့နေတဲ့ ဝါးလုံးအများအပြားကို တွေ့ကြသည်။