<Unicode>
ကျောက်ရှစ်ကျင်း အတင်းဇွတ်နမ်းနေတဲ့ ကိုကိုကြောင့် ရင်ဘက်ကိုတွန်းလိုက်ပြီး နှုတ်ခမ်းချင်းကွာသွားတော့မှ လေကိုအလုအယက်ရှုကာ"ဟူး ဘာလို့ဇွတ်နမ်းနေတာလဲ ချစ်တယ်ကြမပြောဘဲ"
"ကလေးကို ကိုယ်အရမ်းချစ်တယ် အခုမှမြင်ဖူးတယ်ဆိုပေမဲ့ ကိုယ့်ရင်ထဲမှာ ကလေးကို ဟိုးအရင်ကတည်းက သိခဲ့သလိုခံစားနေရတယ် ကလေးရော ကိုယ့်လိုခံစားရလား"
"အင်း ကလေးလည်း ကိုကို့ကိုစတွေ့ကတည်းက အဲ့လိုခံစားရတယ် အရမ်းချစ်တယ်"
(မူပါအုံးဟယ်🤒🤒)
"ဒါဆို ကလေးနဲ့ကိုယ်နဲ့ချစ်သူဖြစ်တာ ဒီနေ့က ပထမနေ့ပေါ့နော်"
"ဟီးဟုတ်တယ် ကလေးကို အိမ်ပြန်ပို့ပေးအုံးလေ"
"ညစာစားပြီးမှ ပြန်ပါလားဟင် ကိုယ်ကလေးနဲ့လျှောက်လည်ချင်သေးတယ်"
"ကိုကို့သဘော"
နှစ်ယောက်သားပြုံးရွှင်ရင်း မြို့ပတ်ကာ ဓါတ်ပုံရိုက်လိုက် မုန့်စားလိုက်နဲ့ ညစာစားပြီးမှ အိမ်ပြန်လာခဲ့ကြသည်။
ကျန်းကုန်းရှန်းသူ့ကလေးကို ပို့ပြီးမှ အိမ်ပြန်လာခဲ့သည်။ညတွင်းချင်းဘဲ ကလေးတို့အကြောင်းကို စုံစမ်းခိုင်းလိုက်တော့ တစ်နာရီအတွင်းသတင်းအပြည့်အစုံရလာသည်။
သူ့လက်ထောက်ပို့လိုက်တဲ့ဖိုင်တွေကိုကြည့်နေရင်း ကျန်းကုန်းရှန်းရဲ့စိတ်အခြေအနေဟာ ဟိုးရေခဲအမှတ်အောက်ဆုံးကိုရောက်ရှိသွားသည်။
ဝမ်မိသားစုက သူ့မိဘတွေကို သတ်ပြီး ကျန်းကုမ္ပဏီကို ဝမ်ကုမ္ပဏီဆိုပြီးပြောင်းထားသလို အခုကျောက်မိသားစုပိုင်ကုမ္ပဏီတွေကိုလည်း လျှိုမိသားစုက အပိုင်သိမ်းထားမှန်းသိလိုက်ရတာကြောင့် အရင်ကတဖြေးဖြေးဖျက်ဆီးဖို့ပြင်ထားတဲ့ ဝမ်မိသားစုကို အမြန်ဖျက်ဆီးဖို့တွေးလိုက်သည်။
သေချာပေါက် လျှိုမိသားစုကိုလည်းချန်မထားဘူးပေါ့ ရာရာစစသူ့ကလေးကိုများ ခြောက်ချပြီး ပိုင်ဆိုင်မှုတွေကိုလုယူရဲရတယ်လို့...
ကျောက်ရှစ်ကျင်း အိမ်ပြန်ရောက်ချိန် မိုးချုပ်နေပြီ...သူ့မိဘတွေက အိပ်ပျော်သွားတာကြောင့် တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။