7.9

306 24 1
                                    

<Unicode>
"ဟဲလို"

နမ်ဆယ်ဟျော့ဖုန်းကိုင်ပြီး ဟဲလိုလို့ဘဲပြောရသေးတယ်

"ဘတ်ဟွန်းဆူ အခုချက်ချင်း entertainment ကိုအမြန်လာခဲ့ကိစ္စကအရေးကြီးတယ် တီ.."

ဆယ်ဟျော့ နောက်ကိုလှည့်ကြည့်လိုက်ချိန် ဟွန်းဆူကလည်း သူ့ဖုန်းကို ကိုင်ထားရင်းလှည့်ကြည့်လာသည်။

"မန်နေဂျာအစ်မဆီကလား"

"အင်းက‌‌လေးရော"

"ကိုကို့မန်နေဂျာဆီကထင်တယ် entertainment လာဖို့ပြောပြီး ဖုန်းချသွားတယ်"

"ကလေးရဲ့မန်နေဂျာအစ်မရောဘဲ"

"အော် ဘာဖြစ်ပြန်ပြီလဲမသိဘူး သွားရအောင်"

"အင်း"

နှစ်ယောက်သားက တိုက်ခန်းအောက်ထိအတူတူဆင်းလာပြီးနောက် မြေညီထပ်ရောက်တာနဲ့ ကိုယ့်ကားကိုယ်စီးပြီး entertainment ဆီသွားကြတော့သည်။

နှစ်ယောက်သားကိုယ့် entertainment ဆီရောက်တာနဲ့

"ဒါကဘာတွေလဲ"²

ဆိုတဲ့အသံဟာ ပြိုင်တူထွက်လာပြီး Tablet ကြီးဟာသူတို့ရှေ့ရောက်လာသည်။ယူကြည့်လိုက်ချိန် သတင်းက အိုအီဂျူနဲ့ ဘတ်ဟွန်းဆူတွဲနေကြောင်းက တစ်ပုဒ် ၊ နမ်ဆယ်ဟျော့နဲ့ဘတ်ဟွန်းဆူတွဲနေတယ်ဆိုတဲ့အကြောင်းကတစ်ပုဒ်ဖြစ်ပြီး ထိုနှစ်ပုဒ်ရှာဖွေမှုတွင်ထိပ်ဆုံးနေရာယူထားသည်။

ဟွန်းဆူထိုသတင်းကိုတွေ့တာနဲ့ နမ်ဆယ်ဟျော့ဆီဖုန်းဆက်တော့သည်။သို့သော်ဖုန်းက တစ်တီတီသာမြည်နေပြီး ကိုင်သူမဲ့နေသည်။

နမ်ဆယ်ဟျော့လာနေတဲ့ဖုန်းကို လစ်လျူရှုထားပြီး မြတ်နိုးမှု‌တွေပါတဲ့မျက်လုံးနဲ့ အိုအီဂျူကိုကြည့်ကာ ပြုံးရီနေတဲ့ ဘတ်ဟွန်း‌ဆူရဲ့ပုံကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။

ပြုံးနေတဲ့မျက်နှာကတဖြေးဖြေးအသက်ဝင်လာသလိုထင်ရပြီးရီသံတွေပါကြားလာရ‌တာကြောင့်

"ဒီခွေးကောင်ကတော့"

ဆိုတဲ့စကားသံဟာ ရုတ်တရက်နှုတ်မှလွတ်ထွက်သွားသည်။မန်နေဂျာအစ်မက သူ့ကိုထူးဆန်းသလိုကြည့်လာပြီး

System 11111 (Complete)Wo Geschichten leben. Entdecke jetzt