<Unicode>
ဆယ်ဟျော့စားစရာရှိတာကိုမြန်မြန်စားပြီး ကြော်ငြာရိုက်ဖို့အတွက် ဒါရိုက်တာကိုခွင့် တစ်နာရီလောက်တောင်းပြီး အလုပ်အပ်ထားတဲ့လူတွေဆီသွားကာ ကြော်ငြာအမြန်ရိုက်ပေးလိုက်သည်။ဘတ်ဟွန်းဆူသူလှည့်ကြည့်ပေမဲ့ဘာမှမပြောဘဲ ခေါင်းငုံ့ကာပြုံးသာပြုံးနေတဲ့ အိုအီဂျူကြောင့် စိတ်မရှည်တော့ဘဲ ဆယ်ဟျော့ဆီသွားဖို့ပြင်တော့သည်။
ဒါပေမဲ့ သူ့ကြည့်လိုက်ချိန် ဆယ်ဟျော့ကမရှိတော့ပေ..မျက်လုံးကိုဝေ့ဝိုက်ကာရှာကြည့်ပေမဲ့ မတွေ့တာကြောင့် မျက်မှောင့်ကြုံ့နေချိန်
"ဟွန်းဆူ ကျမနဲ့အတူ စကားပြောတွေကျင့်ပေးလို့ရမလားဟင်"
"မအားဘူး"
ထိုစကားသာပြောပြီး ဆွန်းဟူနေရာလွတ်ရှာကာ ထမင်းထိုင်စားနေလိုက်သည်။စားနေရင်းလည်း ဟိုနားဒီနားကိုမျက်လုံးဝေ့ကြည့်နေသေးသည်။
ညနေ ၂ နာရီထိုးတော့ ဆယ်ဟျော့ပြန်လာတာကြောင့် ရိုက်ကူးရေးကိုပြန်ဆက်ခဲ့ကြသည်။ဆယ်ဟျော့က ရိုက်ကူးရေးကြားတွေမှာလည်း ကြော်ငြာတွေကို တစ်ခုမှအလွတ်မပေးဘဲ ရိုက်ခဲ့တာကြောင့် နေရာတိုင်းတွင် သူ၏ပုံများက ပျံ့နှံ့နေသည်။
ကြော်ငြာတစ်ခုကြော်ငြာတိုင်း ဆယ်ဟျော့ပုံများသာဖြစ်နေသည်။သူ့ပုံများသာတွေ့လို့ စိတ်ညီးညူးသွားမယ်ထင်လား..
မှားသွားမယ် ပိုတောင်ကြိုက်သွားကြသေးတယ် ကြော်ငြာတစ်ခုမှာ ပုံစံတစ်မျိုး နောက်တစ်ခုမှာ ပုံတစ်မျိုးနဲ့ မရိုးနိုင်ပေ...
ကြော်ငြာရှင်တွေကလည်း ရုပ်လည်းပြောစရာမလို ပို့စ်တွေကလည်းရှယ် အချိန်လည်းသက်သာ ငြင်းတာလည်းမခံရတဲ့အတွက် ကြော်ငြာမှန်သမျှ ဆယ်ဟျော့နဲ့သာရိုက်ကြသည်။
ဆယ်ဟျော့တို့ရဲ့ entertainment ကလူတွေလည်း ဆယ်ဟျော့ဆီမှာရှိတဲ့အမြင်တွေပြောင်းလဲကုန်ကြသည်။
အခုဆို သူတို့ကပါ အလုပ်တစ်ချို့ရှာပေးလာကြသည်။ဆယ်ဟျော့ရဲ့ fan အရေအတွက်ကလည်း အရင်ကထပ်ပိုပိုများပြားလာသည်။
မြို့ထဲမှာဇာတ်ကားသွားရိုက်ချိန်တွေဆို fan တွေကလာရောက်အားပေးပြီး ဇာတ်ကားကိုမျှော်နေတဲ့အကြောင်းပြောလာကြသည်။