<Unicode>
ညအချိန် ဗစ်ရှဝါ whiteboard ပေါ်မှာ marker pen နဲ့ စာလုံးတချို့ကို ရေးလိုက်သည်။သေဆုံးသူတွေရဲ့ဓါတ်ပုံတွေကိုရှာကာ ကပ်ပြီးစာလုံးတွေကိုပါရေးလိုက်သည်။pen ကို မေးနဲ့တို့ထိပြီး ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။
သူစဉ်းစားနေချိန်မှာဘဲ သူခေါ်လာတဲ့ကောင်လေးက အခန်းထဲကိုဝင်လာသည်။
"ဗစ်ရှဝါ ဘာလုပ်နေတာလဲ"
"ဒါကြည့်နေတာပါ ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲ "
"ဗစ်ရှဝါကြိုက်သလိုခေါ်လို့ရပါတယ် "
"နာမည်ပြောလေ မေ့သွားတာတော့မဟုတ်ဘူးမလား"
"မမေ့ပါဘူး အင်း ဗစ်ရှဝါကျနော့်ကို ရှီကာ လို့ခေါ်လို့ရတယ်"
"အင်း ရှီကာ မင်းဆီကအကြံဉာဏ်တောင်းချင်လို့"
"ဗစ်ရှဝါလို တော်တဲ့ရဲတစ်ယောက်က ကျနော့်လို အညာတရလူဆီကအကြံဉာဏ်တောင်းတယ် တကယ်ကြီးလား"
"တကယ်ပါဆို ငါဘယ်လောက်တွေးတွေးစဉ်းစားမရဘူး ညညဆိုအိပ်လို့တောင်မပျော်ဘူး"
"ဒါဆို ကျနော်ကြည့်ကြည့်မယ်နော်"
"အင်း"
ရှီကာ ပုံတွေကို ပြုံးရင်းကြည့်လိုက်သည်။
"ကျနော်ထင်တာကိုတကယ်ပြောရမှာလား"
"ပြောပါဆို"
"သေဆုံးသူတွေက အကုန်လုံးမကောင်းတဲ့သူတွေဘဲ ပြီးတော့ ရဲတွေ ကျနော်ခန့်မှန်းရသလောက်ဆို နောက်တစ်ခါ လူသတ်သမားသတ်မဲ့လူက ရဲအသိုင်းအဝိုင်းထဲက မကောင်းတဲ့လူဖြစ်လိမ့်မယ်"
"ဟင် ရဲအသိုင်းအဝိုင်း ဟုတ်သားဘဲ သေဆုံးသူတွေအကုန်လုံးက ရဲတွေဘဲ ဒါဆို ငါလည်းအသတ်ခံရမဲ့သဘောပေါ့"
"ဗစ်ရှဝါက ရဲကောင်းပါ ဒီလိုရဲကို လူသတ်သမားကမသတ်လောက်ပါဘူး"
"အင်း ရှီကာမင်းလည်း မကြောက်နဲ့နော် ငါကာကွယ်ပေးမယ်"
"အားကိုးပါတယ် ဗစ်ရှဝါ ဒါဆို ကျနော်သွားအိပ်တော့မယ်နော်"
"အင်း စောင်မလောက်ရင်လာတောင်းနော်"
"ဟုတ်"