<Unicode>
ထိုမျက်လုံးက မျက်လုံးအိမ်ကနေ ထွက်လာပြီး ဖိမွန်ပန်ဆီသို့ရောက်လာတော့သည်။
မျက်လုံးက သေးသေးလေးကနေ ကြီးလာကာ ခြင်းလုံးအရွယ်ဖြစ်လာသည်။ဖိမွန်ပန် ကြောက်လွန်းလို့ လက်နှစ်ဖက်ကိုကြက်ခြေခတ်လိုက်ပြီး မျက်နှာကိုကာလိုက်သည်။
"ဝုန်း..."
ဆိုတဲ့အသံနဲ့အတူ မျက်လုံးကြီးဟာ မယ့်နန်ကျန်းရဲ့မျက်လုံးအိမ်ထဲပြန်ဝင်သွားတော့သည်။မယ့်နန်ကျန်း သူသတ်ဖို့လုပ်နေတာကို လာနှောက်ယှက်တဲ့လူကို ကြည့်လိုက်တော့ ဟိုနေ့က သူ့ကိုဒဏ်ရာရအောင်လုပ်လိုက်တဲ့ သရဲနှိမ်နင်းတဲ့ဆရာဖြစ်နေသည်။
မယ့်နန်ကျန်းထိုလူကို နီရဲနေတဲ့မျက်ဝန်းနဲ့စိုက်ကြည့်နေချိန် အနောက်ကနေပေါ်လာတဲ့ အကို နိုင်ဝတ်ကြောင့် မျက်ဝန်းထဲကနေ သွေးမျက်ရည်တွေကျလာသည်။
"ဟီး ဟီး ဟီး ဟင့် အကို အီးဟီး"
ငိုသံကြီးက တိတ်ဆိတ်နေတဲ့အိမ်အတွင်း ပျံ့နှံ့သွားတော့သည်။ဖိမွန်ပန်မှာ ကြောက်လွန်းလို့ နိုင်ဖရာအနောက်ကို ပြေးပုန်းနေသည်။
နိုင်ဖရာရဲ့လက်မောင်းကို အားကိုးတကြီးဖက်တွယ်ပြီး
"ဆရာ ကျမကို ကယ်ပါအုံး သူ သူကျမကိုသတ်တော့မယ်"
"အင်း"
နိုင်ဖရာကသာ အရေးမစိုက်ပေမဲ့ နိုင်ဝတ်ကတော့ ဖိမွန်ပန်ကိုင်ထားတဲ့ လက်မောင်းကို ပေါက်ထွက်မတတ်စိုက်ကြည့်နေသည်။
၂ မိနစ်ပြည့်လည်း ဖယ်မသွားတဲ့လက်တွေကြောင့် နိုင်ဖရာကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ဖိမွန်ပန်ကို သိမ်းငှက်လိုအကြည့်နဲ့ကြည့်ပေးလိုက်သည်။
ဖိမွန်ပန်ကတော့ အားကိုးစရာမရှိတော့တာကြောင့် အနိုင်ကျင့်ခံရတဲ့သူလို မျက်နှာငယ်သွားသည်။
နိုင်ဖရာက ဒီအခြေအနေကို မသိကျိုးကျွန်ပြုပြီး မယ့်နန်ကျန်းဘက်လှည့်ကာ
"နန်ကျန်း အငြိုးတွေကျေလိုက်ပါတော့ ပိုကောင်းတဲ့ဘဝကို ဘာလို့မသွားဘဲ ဒီလို သရဲမဘဝမှာဘဲ နေနေရတာလဲ"