7.3

321 22 0
                                    

<Unicode>
နမ်ဆယ်ဟျော့ ညနေခင် ခေါက်ဆွဲဗူးကိုရေနွေးထည့်ပြီး စိမ်ထားချိန် ဓါတ်ပုံတစ်ပုံရိုက်လိုက်ပြီး

"ချက်ပြုတ်ကျွေးမဲ့သူတစ်ယောက်လိုနေပြီ"

ဆိုတဲ့ caption နဲ့ပို့စ်တင်လိုက်သည်။ညနေက သူပုံတွေဆက်တိုက်တင်ကတည်းက စောင့်ကြည့်သူတွေများလာတာကြောင့် သူ့ရဲ့ပိုစ့်က ခနလေးအတွင်း မှတ်ချက်ပေးသူတွေကြိုက်နှစ်သက်သူတွေအများအပြားရှိလာသည်။

လာမန့်တဲ့တော်တော်များများကတော့ လေလွင့်နေတဲ့သူတွေဘဲပေါ့

"ချက်ကျွေးမယ် "

"ကျမကရှင့်ဇနီးပါ"

" ယောက်ျားရေ"

"ဇနီးဖြစ်ချင်လို့"

ဆိုတဲ့မန့်တွေပိုများလေသည်။နမ်ဆယ်ဟျော့မန့်တွေကိုလိုက်ဖတ်ရင်း ပြုံးလိုက်ကာ ခေါက်ဆွဲစားတော့သည်။

ဘာမှလုပ်စရာမရှိတော့တာကြောင့် သတင်းတွေလျှောက်နေလိုက်သည်။သတင်းကြည့်နေရင်း အိပ်ပျော်သွားတာ ဖုန်းလာမှအလန့်တကြားနိုးလာသည်။

မြည်နေတဲ့ဖုန်းကိုကိုင်လိုက်ချိန်

"ဟဲလို "

ဆိုတဲ့အသံကိုကြားလိုက်ရသည်။အသံကိုကြားဖူးသလိုလိုရှိပေမဲ့ဖုန်းနံပါတ်က အစိမ်းဖြစ်နေတာကြောင့်

"ဘယ်သူများလဲ"

"ကိုယ်ပါ ဘတ်ဟွန်းဆူ"

"အာ ဟုတ်ကဲ့ အကိုဘာကိစ္စများလဲဗျ"

"အင်း နမ်ဆယ်ဟျော့ ..နာမည်ကရှည်တော့ ကိုယ်တစ်ခြားနာမ်စားခေါ်လို့ရလား"

"အကိုဘတ်ဟွန်းဆူက ဘယ်လိုနာမ်စားများခေါ်ချင်လို့လဲ"

"အင်း ကလေးနဲ့တူတဲ့မင်းကို ကလေးလို့ခေါ်ချင်တယ်ရလား"

"ဒါဆိုကျနော်လည်း အကိုကနေ ကိုကိုလို့ပြောင်းခေါ်မယ်"

"ကိုယ်ကပိုသဘောကျတာပေါ့ ဒါနဲ့ကလေးဘာလုပ်နေလဲ"

"အိပ်နေတာ ကိုကိုရောဘာလုပ်နေလဲ"

"အခုမှ လူတွေ့မေးပြီးတာ"

"ဟင် အကြာကြီးဘဲရော နေ့လည်စာရောစားပြီးပြီလား"

"မစားရသေးဘူး ကလေးနဲ့အတူစားဖို့ခေါ်မလို့ကို ကလေးက ခေါက်ဆွဲတင်မကဘူး မိန်းကလေးတွေရဲ့မန့်ကြောင့် ကိုယ်နဲ့လိုက်မစားနိုင်တော့ဘူးထင်တယ်"

System 11111 (Complete)Donde viven las historias. Descúbrelo ahora