4.4

490 39 4
                                    

<Unicode>
နိုင်ဖရာလည်း စောင်ကိုသေချာပြန်ခြုံလိုက်ပြီး

'porcupine ရေ ပစ္စည်းလေးတွေသိမ်းပြီး သိုလှောင်ခန်းထဲ ထည့်ပေးပါအုံးကွာ ငါပင်ပန်းလို့ပြန်နှင့်တော့မယ်'

' host ကျနော်က system နော် serf (ခိုင်းဖက်) မဟုတ်ဘူး'

'အစစာလုံးတောင်တူတာဘဲကို အဓိပ္ပါယ်လည်းတူတူဘဲ‌ ကဲသွားပြီနော် ငါ့ရဲ့ serf လေး'

'အား!!! ဒီ host အရူးကတော့ မယ့်နန်ကျန်းနဲ့ တွေ့ရင် ရေထဲဆွဲချခံရပါစေ ဟွင့်😠😠'

Porcupine လည်း အော်ပြောလိုက်ပြီးနောက် ဖယောင်းတိုင်တွေအကုန်လုံးပေါ် လက်တစ်ချက်ဝေ့ယမ်းလိုက်ပြီး storage ထဲထည့်လိုက်သည်။ထို့နောက် နိုင်ဖရာအနားပြန်သွားလေသည်။

နိုင်ဖရာ ရွာထဲဝင်လာတော့ လူတိုင်းက အပေါက်ကနေချောင်းကြည့်နေကြသည်။ဖစ်ချိုင်က အိမ်ထဲကနေပြေးထွက်လာပြီး

"လူလေး သရဲမရော"

ဆိုပြီး စိတ်ပူစွာမေးလိုက်သည်။နိုင်ဖရာလည်း အသာပြုံးပြလိုက်ပြီး

"ဦးလေးတို့ စိတ်ချလက်ချနေလို့ရပါပြီ"

ဆိုပြီးပြန်ဖြေလိုက်သည်။ဦးလေးကြီးက ဝမ်းသာစွာနဲ့ ရွာဘက်လှည့်ပြီး လက်နှစ်ဖက်ကို ပါးစပ်နားကာ ကာ

"သရဲမ မရှိတော့ဘူးဟေ့ ဆရာက နှိမ်နင်းလိုက်ပြီတဲ့ ငါတို့ရွာကြီး ပြန်ငြိမ်းချမ်းသွားပြီ ဟားဟား"

ဖစ်ချိုင်အော်သံကြောင့် ရွာသူရွာသားတွေက အိမ်ထဲကနေ မဝံ့မရဲထွက်လာကြသည်။မယ့်ခွမ်နဲ့ ဝီဆာလည်း အိမ်ထဲကနေ လျင်မြန်စွာထွက်လာပြီး ဖစ်ချိုင်တို့နား လာရပ်လေသည်။

စီဖရွတ်ကတော့ အိပ်ပျော်သွားပြီထင်ပါရဲ့ပေါ်မလာပေ...ထိုတစ်ညလုံး ရွာသားတွေဟာ သရဲမ ပေါ်လာမလားဆိုပြီး ကြောက်ကြောက်နဲ့ ခြံထဲက ကွပ်ပျစ်ပေါ်မှာ စုထိုင်ပြီး စကားတွေပြောကာ စောင့်ကြည့်နေကြသည်။

နိုင်ဖရာကတော့ သူ့အတွက်ပြင်ထားတဲ့အခန်းထဲဝင်ကာ အိပ်စက်နေတော့သည်။တစ်ညလုံး သရဲမ ပေါ်မလာပေမဲ့ လူတွေဟာ သိပ်မယုံကြည်ကြသေးပေ...

System 11111 (Complete)Wo Geschichten leben. Entdecke jetzt