<Unicode>
ကျောက်ရှစ်ကျင်း ကျန်းကုမ္ပဏီရှေ့ရောက်တော့ ရှေ့ကကုမ္ပဏီကြီးကို တအံတဩမော့ကြည့်လိုက်သည်။လူကနောက်လှန်ကျခါနီးအထိမော့ကြည့်ပေမဲ့ ကုမ္ပဏီရဲ့ အပေါ်ဆုံးအထပ်ထိမမြင်ရပေ..ကျန်းကုန်းရှန်း သူ့ကလေးရဲ့ခါးကို ပိုင်စိုးပိုင်နင်းဖက်လိုက်ပြီး နောက်လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ကုမ္ပဏီထဲဝင်လာခဲ့သည်။
ဝန်ထမ်းတွေကတော့ ကျောက်ရှစ်ကျင်းကို စပ်စုသလိုအကြည့်နဲ့ကြည့်နေကြသလို သူဌေးနဲ့ဘယ်လိုဆက်ဆံရေးလဲဆိုပြီး မေးခွန်းထုတ်နေကြသည်။
ကျန်းကုန်းရှန်း ဘာစကားတစ်ခွန်းမှမပြောတော့ဘဲ သူ့ကလေးကို စိုက်ကြည့်နေတဲ့ ဝန်ထမ်းနှစ်ယောက်ကို လက်ညိုးထိုးပြကာ
"ငါ့အပိုင်ကိုကြည့်ရဲတဲ့သတ္တိအတွက်ဆုချရမှာပေါ့ မင်းတို့နှစ်ယောက်ကို အလုပ်ထုတ်လိုက်ပြီ အလုပ်ထုတ်ခံချင်သေးရင် ဆက်ကြည့်နေကြ"
သူပြောလိုက်တော့ အလုပ်ထုတ်ခံလိုက်ရတဲ့နှစ်ယောက်က တိတ်တဆိတ်သာသူတို့ပစ္စည်းယူပြီးထွက်သွားကြသည်။သူတို့သာ မထွက်သွားသေးဘဲ အချင်းများနေရင် ဘာအလုပ်မှမရတော့သလို ကံဆိုးရင်အသက်ပါသေသွားနိုင်တာကြောင့် စကားမများခြင်းပင်..
ကျန်တဲ့ဝန်ထမ်းတွေကလည်း သူတို့ရဲ့အလုပ်နေရာဆီအမြန်ပြန်သွားကြသည်။ကျောက်ရှစ်ကျင်းကတော့ သူ့ကိုကိုဆီကခွင့်တောင်းပြီး ကုမွပဏီထဲလျှောက်ပတ်ကြည့်နေသည်။
မနက်ကကိစ္စကိုအကုန်လုံးသိပြီးပြီမို့ ကျောက်ရှစ်ကျင်းကိုဘယ်သူမှပြသနာမရှာရဲကြပေ...
နေ့လည် ၁၁:၃၀ တော့ ကျောက်ရှစ်ကျင်းအနား ကျန်းကုန်းရှန်းရောက်လာပြီး အနောက်ကနေသိမ်းကြုံးဖက်ကာလည်တိုင်ကိုအနမ်းဖွဖွပေးလာသည်။
"ကလေး လျှိုမိသားစုက ရှယ်ယာရှင်အစည်းအဝေးခေါ်နေတယ်"
"ဘယ်အချိန်တဲ့လဲ"
"နေ့လည် ၁:၃၀ "
"အိုး လျှိုမိသားစုကိုဖျက်ဆီးပစ်ဖို့အချိန်ရောက်ပြီဘဲ "
"အဆိုးလေး နေ့လည်စာသွားစားရအောင်"
"ဟုတ်"