<Unicode>
မင်မုန့်ချင် ထိုနေ့ကစပြီး ပြသနာမရှာတော့ပေ...ကိုယ်လုပ်တော်အချို့ကို ရန်သွားရှာလည်း သူကသာပြန်ခံလာရသည်။အကုန်လုံးပျော်ရွှင်နေချိန် သူတစ်ယောက်ကသာ ဒေါသတွေနဲ့ပြည့်နှက်နေရသည်။ဒီအရာဟာ လုံးဝမတရားပေ...
တစ်နေ့တော့ မင်လန်ယင်းကို ဒီလောကကနေ ပျောက်ကွယ်သွားအောင်လုပ်မည်ဆိုပြီး ကြိမ်းဝါးလိုက်သည်။
မင်လန်ယင်းကတော့ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် ကိုကို့ကိုပတ်ချွဲလိုက်နဲ့ သာယာနေသည်။
အခုတလော လူကစားရတာ ပိုဝင်လာသလို အအိပ်ကလည်းအရင်ကထပ်ပိုမက်လာသည်။
တစ်ခါတစ်လေ စားနေရင်းတန်းလန်းပင် အိပ်ပျော်သွားတတ်သေးသည်။ဗိုက်ကလည်း အနည်းငယ်ဆူလာသည်။
ယန်ရှင်းလုံကတော့ ညဆိုလည်း အိပ်မပျော် အစားစားရင်လည်း ပြန်အန်နဲ့ ဗိုက်ထဲဘာမှမရောက်ပေ...
သမားတော်ကိုပြကြည့်တော့
"အရှင်မင်းကြီးက ကိုယ်လုပ်တော်ကိုအလွန်ချစ်မြတ်နိုးတာကြောင့် ကိုယ်လုပ်တော်ခံစားရမဲ့ ဝေဒနာတွေကို အခုလိုအစားခံစားရတာပါ မကြာခင်တော့ပျောက်သွားမှာပါ"
ဆိုပြီးပြောလာသည်။ဒါကို ကလေးကြားတော့ စိတ်မကောင်းဖြစ်ပြီး
"ကိုကို အရမ်းခံစားရခက်နေလား"
ဆိုပြီး မျက်နှာငယ်နဲ့မေးလာသည်။
"ကိုကိုက ယောက်ျားပါ ဘာမှမဖြစ်ဘူး ကလေးသာအဆင်ပြေရင် ကိုယ်က အလိုအလျောက်အဆင်ပြေပြီးသားဘဲ"
"ဒါပေမဲ့"
"ဘာမှမဖြစ်ပါဘူးဆို သမားတော်လည်းပြောခဲ့တယ်လေ မကြာခင်ပျောက်သွားမှာလို့ စိတ်မပူနဲ့ဟုတ်ပြီလား"
"ကိုကို ဘာစားချင်လဲ ဘာသောက်ချင်လဲ ကလေးကိုပြော"
"ကလေးနို့စို့ချင်တယ်"
"အင်အင် စို့ချင်စို့လေ"
ကုတင်ပေါ်မှာ အတူတူလှဲနေပြီး ယန်ရှင်းလုံက သူ့ကလေးရဲ့ အပေါ်ဝတ်ကို ဟပြီး ချယ်ရီလုံးလေးကို စို့လိုက်သည်။