2.8

624 43 0
                                    

<Unicode>
နောက်တစ်နေ့မနက်မှာ မင်မုန့်ချင်ကို အဆိပ်‌ သောက်ကာသတ်သေစေပြီး နေမွန်းတည့်ချိန်မှာတော့ ဧကရီတင်မြှောက်ပွဲကျင်းပကြသည်။

အခုဆို အနောက်ဆောင်မှာ ကိုယ်လုပ်တော်တစ်ပါးမှမရှိတော့ပေ....ကိုယ်လုပ်တော်မင်လန်ယင်းကနေ ဧကရီမင်လန်ယင်းဖြစ်သွားချိန်ကစပြီး ဘုရင့်အိပ်ဆောင်မှာပြောင်းရွှေ့နေထိုင်ခဲ့သည်။

ဘုရင်က သူ့ဧကရီကိုချစ်မချစ်တော့ သွားမေးမနေနဲ့ ခွေးစာသာအကျွေးခံလိုက်ရမည်...ကလေးမွေးရင်မခက်အောင်ဆိုပြီး မနက်တစ်ခါ ညနေတစ်ခါ နန်းတော်အတွင်း လမ်းလျှောက်ကြသေးသည်။

လမ်းလျှောက်ရင်လည်း ရိုးရိုးမလျှောက်ဘူး ဖက်ပြီး လျှောက်နေကြသည်။အနောက်မှာတော့ ထီးမိုးပေးသူနဲ့ အစားအစာဗန်းကိုင်ပေးတဲ့သူနဲ့ ညောင်းလာရင်ထိုင်ဖို့ ခုံကိုင်ပေးတဲ့သူနဲ့ တစ်သီတစ်တန်းကြီးလျှောက်ကြသည်။

တစ်ခါတစ်ခါ သူတို့ကိုကြည့်ပြီး အမတ်တွေတောင်မျက်စိနောက်လာကြသည်။သူတို့မိန်းမ‌တွေကိုယ်ဝန်ရှိရင်လည်း ဒီလောက်ထိတစ်ခါမှ ဂရုမစိုက်ဖူးဘူး

ဘုရင်ကြီးက လွန်ဘဲလွန်တာလား ချစ်ဘဲချစ်တတ်လွန်းတာလားဆိုတာတော့ မသိတော့ဘူး တစ်ခါတစ်လေ သူတို့မိန်းမတွေ နန်းတွင်းလိုက်လာရင် အကဲပိုလွန်းတဲ့ ဘုရင်နဲ့ဧကရီကိုကြည့်ပြီး အိမ်ရောက်တာနဲ့

"ဘုရင်ကြီးက ချစ်တတ်လိုက်တာ အိမ်ကအဘိုးကြီးနဲ့များကွာပါ့ "

ဆိုပြီးစောင်းပြောခံရသည်။တစ်ခါတစ်လေကြတော့

"ကျမကိုနည်းနည်းပါးပါးဂရုစိုက်ပါအုံး ဘုရင်ကြီးလောက်မဟုတ်ရင်တောင် ၁၀ ပုံ ၁ ပုံတော့ဂရုစိုက်ပေးပါလား"

ဆိုပြီး နားရွက်ကိုဆွဲလို့ဆွဲ ဗိုက်ခေါက်လိမ်ဆွဲ လို့ဆွဲနဲ့ အေးဆေးမနေရပေ...

နေ့ရက်တွေကုန်ဆုံးပြီး မင်လန်ယင်းရဲ့ကိုယ်ဝန်ဟာ ၉ လပြည့်ပြီး မွေးဖွားဖို့ရန်အဆင်သင့်ဖြစ်နေတော့သည်။

အိပ်ဆောင်တစ်ခုရဲ့အရှေ့မှာ မင်းကြီးဟာ တောင်လျှောက်လိုက်မြှောက်လျှောက်လိုက်နဲ့အလုပ်ရှုပ်နေသည်။

System 11111 (Complete)Donde viven las historias. Descúbrelo ahora