Part 15(Unicode)

165 21 4
                                    

တစ်ခါမှမနင်းဖူးသော အရှိန်အဟုန်မျိုးဖြင့်
စက်ဘီးကို ဒုန်းစိုင်းနင်းလာခဲ့သည်က ပုံမှန်မိနစ်နှစ်ဆယ်ကြာတဲ့ခရီးကို ဆယ်မိနစ်ဖြင့် အ‌ရောက်လာနိုင်ခဲ့သည်အထိ အချိန်ကို ထက်ဝက်ခန့်သက်သာစေခဲ့သည်။ ရှိသမျှခွန်အားအကုန်လုံးကို အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း အသက်ပင်ဖြောင့်ဖြောင့်မရှူအား။ ခြံတံခါးအနီလေးရှေ့ရောက်တာနဲ့ သူ့စက်ဘီးကို အညှာအတာမဲ့စွာ ပစ်ချခဲ့ကာ ခြံထဲသို့ အားကုန်ပြေးဝင်သွားခဲ့ပြန်သည်။
တံခါးခေါက်လိုက်တော့ အိမ်ထဲရှိပုဂ္ဂိုလ်က
သူ့ကို ချက်ချင်းတံခါးဖွင့်ပေးလာသည်။

ဆည်းလည်းသံနဲ့ ရောယှက်ထွက်လာခဲ့တဲ့ အသက်ရှူသံပြင်းပြင်းတွေဟာ  လာခဲ့တဲ့လမ်းတစ်လျှောက် ရရှိခဲ့တဲ့ပင်ပန်းမှုတွေကို အဆမတန် မြှင့်တင်ပေးလိုက်သကဲ့သို့...။ တံခါးနောက်ကွယ်မှာ ပေါ်လာခဲ့တဲ့မျက်ဝန်းကလေးမှာ မျက်ရည်စကလေးတွေ ရှိနေတာမြင်လိုက်ရချိန်မှာ သူ့ရင်ထဲမှာလည်း တင်းတင်းကျပ်ကျပ်ဖြစ်လာခဲ့သည်။ သူစိမ်းတစ်ယောက်အပေါ်မှာ တစ်ခါလေးမှ မဖြစ်ပေါ်ခဲ့ဖူးပါသော စိုးရိမ်ကြောင့်ကြခြင်းမျိုးက ထိုစက္ကန့်လေးအတွင်းမှာပဲ နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ စတင်အမြစ်တွယ်လာခဲ့ခြင်း ဖြစ်သည်။ သူ့ကိုမြင်မြင်ချင်း အားကိုးတကြီးဖြစ်သွားရှာတဲ့ မျက်ဝန်းတွေကိုငေးရင်း ပခုံးနှစ်ဖက်အား ဆုပ်ကိုင်နှစ်သိမ့်ပေးမိ၏။

"ကိုယ်ရောက်လာပြီနော်...အဆင်ပြေသွားမှာ...
Life ဘာမှဖြစ်မှာမဟုတ်ဘူး"

"သူ...သူ...သွေးတွေထွက်နေတယ် မြန်မြန်လေးကယ်ပေးပါ"

လက်ညှိုးညွှန်ပြရာကို လှမ်းကြည့်တော့ အဝတ်ဖြူနဲ့ပတ်ခံထားရတဲ့ အနက်‌ရောင်သက်ရှိလေးကို အညိုရောင်ဆိုဖာပေါ်မှာ ငြိမ်ငြိမ်သက်သက်ကလေးရှိနေတာ မြင်လိုက်ရသည်။ "Life...Life...Blackဆီမှာ အကိုက်ခံလိုက်ရတယ်"လို့ ဖုန်းထဲမှာကြားကြားချင်းတုန်းက သူသည်ပါ ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ရကာ "Mr.Linnတစ်ယောက်အဆင်ပြေပါ့မလား"ဟုသာ လမ်းတစ်လျှောက်တွေးလာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးတွေ့ဆုံမှုမှာကတည်းက သတိထားမိခဲ့တဲ့ ဖျော့တော့တော့အကြည့်တွေကို အခုတစ်ခေါက်မှာ ပို၍ဖျော့တော့စွာတွေ့မြင်လိုက်ရခြင်း...။

LIFE (U/Z)Where stories live. Discover now