Part 3 (Unicode)

296 23 0
                                    

"လူတွေသေပြီးရင် ဘယ်ရောက်သွားကြလဲဟင် ကိုလင်း..."

"ဘယ်ရောက်သွားကြလဲဆိုတော့...."

အသံဆွဲငင်ခြင်းနဲ့အတူ အတွေးနွံထဲ
နစ်မျောသွားတဲ့သူ့ကို သျှားက ပြုံးတုံ့တုံ့ကလေး မော့ငေးနေသည်။ သျှားကို ရင်ခွင်ထဲပွေ့ထားပြီး သျှားမေးသမျှမေးခွန်းတွေ ဖြေပေးနေရတဲ့ခံစားချက်ကို သူနှစ်သက်သော်လည်း လူတွေသေပြီးရင် ဘယ်ရောက်သွားကြလဲဆိုတဲ့မေးခွန်းမျိုးကိုတော့ မဖြေချင်....။

"ဖြေလေ ကိုလင်းရဲ့...လူတွေသေပြီးရင် ဘယ်‌ရောက်သွားကြလဲလို့...."

နွမ်းဖျော့နေတဲ့မျက်နှာလေးမှာ သိလိုစိတ်တို့အပြည့်။
သူ သက်ပြင်းများစွာ ရှိုက်ချမိသည့်တိုင်အောင် သျှားရဲ့မျက်နှာလေးကတော့ ပြုံးမြဲပြုံးနေ၏။

"နောက်ဆုံးကျန်ခဲ့တဲ့ စွဲလမ်းမှုပေါ်မူတည်ပြီး ရောက်ချင်တဲ့နေရာရောက်သွားနိုင်တယ်လေ သျှားရဲ့...အဲ့ဒါကို ဘယ်သူမှ မသိနိုင်ဘူး"

"နောက်ဆုံးကျန်ခဲ့တဲ့ စွဲလမ်းမှုပေါ့...
ဒါဆို ကျွန်တော် ကိုလင်းကို မစွဲလမ်းမိအောင်ကြိုးစားမှပဲ"

"ဘာဖြစ်လို့လဲ သျှားရယ်..."

"ကျွန်တော် မစွဲလမ်းမှ....
ကိုလင်းအနားကို ထပ်ပြီးရောက်မလာမှာ... အဲ့ဒါမှ ကိုလင်းက စိတ်အေးအေးနဲ့ရှေ့ဆက်နိုင်မှာလေ။
ကျွန်တော် ဘယ်နေရာကိုပဲရောက်ရောက် ကိုလင်းကတော့ တစ်နေရာတည်းမှာပဲ ရပ်မနေရဘူး။ ကတိပေးမလား...."

သျှားတောင်းခဲ့ဖူးသမျှ ကတိတွေအားလုံးကို လှိုက်လှဲမှုအပြည့်နဲ့ ခေါင်းညိတ်ခဲ့ပါလျက် ဒီကတိလေးကျမှ သူတုံ့ဆိုင်းနေခဲ့ရသည်။ မျက်နှာနားထိရောက်လာတဲ့ လက်သန်းလေးကို နှုတ်ခမ်းဖျားနဲ့ဖွဖွနမ်းတော့ ကြားရတဲ့ ရယ်သံတိုးကလေး...။ လင်းနေညို နှလုံးသားထဲအထိ နက်ရှိုင်းစွာကုပ်တွယ်ထားတဲ့ အသွေးအသားဖြစ်တည်မှုလို မှတ်ဥာဏ်အပိုင်းအစကလေး...။

"သျှားက ကိုယ့်နှလုံးသားထဲမှာ အမြဲရှိနေမှာလေ"

"သျှားက ကိုယ့်နှလုံးသားထဲမှာ အမြဲရှိနေမှာ..."

LIFE (U/Z)Where stories live. Discover now