Part 28(Unicode)

123 18 8
                                    

"Hello...ရိုဆယ် ကိုယ်ဒီနေ့မလာနိုင်တော့ဘူး"

"ဟင်...ဘာဖြစ်လို့လဲဒေါက်တာ"

"နည်းနည်းနေလို့မကောင်းလို့..."

"ဟယ်ဟုတ်လား...ကျွန်မ အိမ်လာခဲ့ရမလား...‌ ဒေါက်တာတစ်ယောက်တည်းဖြစ်ပါ့မလား"

"ရတယ်...တစ်ရက်လောက်သေချာနားလိုက်ရင် အဆင်ပြေသွားမှာပါ"

"ဟုတ်လို့လားဒေါက်တာရယ်...
အသံလည်းသိပ်မကောင်းဘူးနော် ကျွန်မလာခဲ့မယ်လေ"

"မလာပါနဲ့...အလုပ်တွေလည်းရှိသေးတာကို...
ကိုယ်ကြည့်ပေးရမယ့်တိလေးတွေကို တခြားဒေါက်တာတွေနဲ့ သေချာအပ်ပေးပါဦး...ဒါပဲနော်ရိုဆယ် ကိုယ်အိပ်ချင်နေပြီ ဖုန်းချလိုက်တော့မယ်"

"နေ....."

အလျင်စလိုပိတ်ချလိုက်တဲ့ဖုန်းကလေးက
သူအုံးနေတဲ့ခေါင်းအုံးဘေးသို့ ဘုတ်ခနဲပြုတ်ကျသွားသည်။ စိတ်လျှော့ချလိုက်သည်နှင့် ခန္ဓာကိုယ်မှာ
အရိုးပျော့ရောဂါစွဲကပ်သွားခဲ့သလို သူ့တစ်ကိုယ်လုံးဟာ အိပ်ရာပေါ်မှာပဲ ခြေပစ်လက်ပစ်။ ဘာကိုမှမတွေးဘဲ မျက်နှာကျက်ကိုသာစိုက်ကြည့်နေချင်သော်လည်း စိတ်ဟာ သူ့ထိန်းချုပ်မှုအောက်မှ နည်းမျိုးစုံနှင့်ရုန်းထွက်သွားကာ... ခြံတံခါးအနီလေးရှိရာဆီ...၊ ဖန်ဆည်းလည်းလေးချိတ်ဆွဲထားရာ အိမ်အမိုးအောက်ဆီ...၊ အသံသေးသေးလေးနဲ့နှုတ်ဆက်တတ်တဲ့ Bombayကြောင်လေးတစ်ကောင်ဆီ...၊ ပြီးတော့ မပျော်ရွှင်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်ဆီ...တဝဲဝဲလည်လည်ဖြစ်ရင်း အဲဒီလူနဲ့ အတူရှိခဲ့တဲ့အချိန်တွေထဲမှာ ထပ်မံပိတ်မိသွားသည်။ အမှတ်တရတွေကိုသိမ်းဆည်းထားဆဲ လူတစ်ယောက်ရဲ့ လွမ်းတသသမှိုင်းပျပျအငွေ့အသက်တွေပြည့်သိပ်နေတဲ့ အိမ်ပတ်ဝန်းကျင်လေးထဲမှာ သူတစ်ယောက်တည်းနဲ့ဆိုင်တဲ့ အမှတ်တရတချို့ကိုလည်း လူမသိသူမသိပစ်ချထားခဲ့မိရဲ့...။

အိပ်စက်ခြင်းမှာ အရာအားလုံးကို
မေ့ပျောက်သွားစေနိုင်တဲ့ စွမ်းပကားမျိုးရှိနေခဲ့တယ်ဆိုရင်တောင် လူတစ်ယောက်အတွက်ကတော့ ယုံတမ်းပုံပြင်တစ်ပုဒ်ပဲဖြစ်နေလေမလားမသိခဲ့ပါ။ ပြတင်းပေါက်ကလေးကတစ်ဆင့်ငေးခဲ့ရတဲ့ သိကျွမ်းကာစအချိန်ကာလထဲမှာရော၊ နာရီပိုင်းသာခြားသေးတဲ့ ပူပူနွေးနွေးအချိန်ကာလထဲမှာ‌ရော အိပ်မောကျနေချိန်မှာတောင်မှ မာန်မလျှော့နိုင်တဲ့မျက်ခုံးစွန်းနှစ်ဖက်က စိတ်ရဲ့နာကျင်ခြင်းတွေကိုတနင့်တပိုးထမ်းပိုးထားခဲ့ရကြောင်း
အသံတိတ်ပြောပြနေခဲ့ကြတာ...။

LIFE (U/Z)Where stories live. Discover now