Part 24(Unicode)

121 17 2
                                    

"ဟ...ဟ...ဟ...ဟပ်ချိုး...."

"အိုးမိုင်ဂေါ့"

အခန်းမီးလည်းအလင်း...ချောင်းဆိုးသံလည်းအထွက်။
ရိုစီမယ်ဝါရဲ့အာမေဋိတ်သံကြောင့် ဆေးခန်းတစ်ခုလုံး
ခွေးဟောင်သံများဖြင့် ဆူညံသွားခဲ့ရကာ "ဘာဖြစ်တာလဲ"ဆိုသည့် အပြင်ဘက်မှလှမ်းမေးသံတချို့ပါ ရှေ့ဆင့်နောက်ဆင့်ထွက်လာကြသည်။ ရိုစီမယ်ဝါက သူ့ရင်ဘတ်သူဖိရင်း
ဘာမှမဖြစ်ကြောင်း ပြန်အော်ပြောလိုက်ပြီးမှ အခန်းထဲသို့
ခပ်သုတ်သုတ်ပြန်ဝင်လာ၏။ အချိန်အားဖြင့် မနက်ခြောက်နာရီခွဲ... ပတ်ဝန်းကျင်က ဆောင်းအငွေ့အသက်ကြောင့် အုံ့မှိုင်းနေဆဲဖြစ်ကာ အခန်းထဲမှာတော့ ခုနလေးကမှ ဖွင့်လိုက်တဲ့မီးရောင်ကြောင့် အရာအားလုံးထင်ရှားပြတ်သားစွာမြင်နေရပြီ။

"လန့်လိုက်တာ ဒေါက်တာရယ်...
ဘယ်တုန်းကတည်းက ရောက်နေတာလဲ...ပြီးတော့
ဘာလို့မှောင်ကြီးထဲထိုင်နေတာလဲ...မီးဖွင့်တာမဟုတ်ဘူး"

ထိတ်လန့်မှုပျောက်ကွယ်သွားပြီဖြစ်သော ရိုစီမယ်ဝါတစ်ယောက် သူ့ထုံးစံအတိုင်း မေးခွန်းတွေအဆက်မပြတ်မေးလာသည်။ နောက်တစ်ကြိမ်နှာချေရန် အစပျိုးလာသည့်သူ့မှာတော့ မျက်လုံးတွေကိုမှေးထားလျက်က မနည်းပြုံးပြနေခဲ့ရပြီး ဘယ်လိုပြန်ဖြေရင်ကောင်းမလဲလို့ပါ တစ်ခါတည်းစဉ်းစားလိုက်ရသည်။

"ဟပ်ချိုး....အင်း...ကိုယ်လည်း‌ရောက်တာမကြာသေးပါဘူး။ မီးမဖွင့်တာက ရိုဆယ့်ကိုစချင်လို့...."

"ဒါဆိုရင်တော့ အောင်မြင်ပါတယ်ရှင်...အောင်မြင်ပါတယ်။ ခုနက တကယ်လန့်သွားတာဒေါက်တာရယ်... လူမရှိဘူးထင်တာလေ မီးဖွင့်ဖွင့်ချင်း ချောင်းဆိုးသံကြားလိုက်ရတော့ ကျွန်မဖြင့် ရင်ထဲကိုတုန်တက်သွားတာပဲ"

ရိုစီမယ်ဝါက သူလန့်သွားရသည့်အကြောင်းကို စီကာပတ်ကုံးပြန်ပြောပြနေသည်။ Dr.Elmoရဲ့အာရုံက သူမထံမှာရှိမနေတာကို သတိမထားမိ။ သူမ,ကြားခဲ့ရတဲ့စကားတွေကပါ အလိမ်အညာဖြစ်နေခဲ့တာကိုလည်းမသိခဲ့ပေ။ အဝတ်ချိတ်မှာချိတ်ထားတဲ့ ကုတ်အင်္ကျီပေါ်က နှင်းမှုန်တွေဟာ မနေ့ညကနှင်းလက်ကျန်တွေ ဖြစ်နေလိမ့်မယ်လို့‌ရော ဘယ်သူကထင်မတဲ့လဲ။ ခရီးကပြန်ရောက်ရောက်ချင်း သူအပြေးသွားခဲ့တဲ့နေရာတစ်ခုရှိခဲ့တာကို‌ရော ဘယ်သူကသိမှာလဲ။ အဲဒီနေရာကအပြန်မှာ သူဒီနေရာမှာ တစ်ညလုံးအချိန်ဖြုန်းခဲ့ပြီး ရိုစီမယ်ဝါ သူ့ကိုတွေ့သွားတဲ့အချိန်အထိ တစ်မှေးမှ မအိပ်ခဲ့ရသေးတာကိုရော ဘယ်သူကသိမှာလဲ။

LIFE (U/Z)Where stories live. Discover now