Part 20(Unicode)

182 18 2
                                    

"ဂျွန်း...ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

"ဒီအိမ်မှာ လူနာလေးတစ်ယောက်ရှိနေတယ်ဆိုလို့ လာကြည့်တာပါဗျ။ တစ်ကောင်လို့ပြောရမှာလား... အာ...တစ်ယောက်ပဲထားပါတော့။ သူတို့လည်း လူလိုပါပဲ"

တွေ့လိုက်တာနဲ့ ရယ်သံနှင့်စရသည်။
လက်ထဲမှာ အထုပ်တွေတစ်ပွေ့တစ်ပိုက်ကြီးပိုက်လျက် ရောက်လာခဲ့တာမို့ အိမ်ထဲမြန်မြန်ခေါ်သွင်းပြီးမှ ကန်ဒီစုံတွဲကြောင့် သတင်းရခဲ့ခြင်းဖြစ်ကြောင်း ထပ်သိခဲ့ရသည်။ ဒီမြို့ကလေးမှာ ဖုံးကွယ်လို့ရသည့် ကိစ္စဆိုတာ မရှိသလောက်ပင်။ ကန်ဒီစုံတွဲရဲ့ စားသောက်ဆိုင်မှာ စုမိကြရင်းဖြစ်ဖြစ်၊
ဂျွန်းရဲ့စာအုပ်ဆိုင်မှာ ဆုံမိကြရင်းဖြစ်ဖြစ်
သတင်းတွေက တစ်မြို့လုံးသို့ ခပ်မြန်မြန် ပျံ့နှံ့သွားတတ်သည်။

"လူချည်းပဲလာလည်း ရရဲ့သားနဲ့..."

ယူလာတာတွေကိုထုတ်နေပုံက အဆုံးမရှိတော့သကဲ့သို့ပင်။ သစ်သီးဝလံတွေရော၊ ဟင်းချက်စရာတွေရော၊ Life အတွက် ကြောင်စာနဲ့အားဆေးတွေအပြင် ကစားစရာ ကြိုးဘောလုံးလေးတွေပါ ပါလိုက်သေးသည်။ ထို့အပြင် လင်းနေညိုအတွက် စာအုပ်တချို့ပါ ယူလာရှာသည်။

"ကျွန်တော်ကမရတာ ဘရိုရဲ့...ဘယ်လိုလုပ် လူချည်းပဲလာရမလဲ ဘရိုက တစ်ခုခုပြန်ကျွေးရင် အားနာနာနဲ့စားနေရမှာပေါ့..."

"ဒါဆိုရင် မင်းတော့နာတာပဲ အစ်ကို့ဆီမှာ ကော်ဖီကလွဲရင်မရှိဘူး"

"ရတယ်...ရတယ် အဲဒါကြောင့်
အများကြီးသယ်လာတာလေ"

"ဒီဧည့်သည်က ကိုယ့်စရိတ်နဲ့ကိုယ်ပဲ"

"အဟဲ...ဒါနဲ့ ဘရိုစိတ်အခြေအနေကောင်းနေသလိုပဲ"

"အင်း...အရင်နေ့တွေကထက်စာရင်တော့ နည်းနည်းနေလို့ကောင်းနေတယ်။ Lifeလည်း ပိုသက်သာလာပြီလေ"

သိုးမွှေးအခင်းအဖြူလေးပေါ်ကွေးနေတဲ့ အနက်ရောင်သက်ရှိလေးဆီသို့ အ​ကြည့် ရောက်သွားကြပြန်သည်။ ထိုအချိန်မှာ  ဂျွန်းရဲ့သက်ပြင်းချသံကို လင်းနေညိုကြားလိုက်ရသည်။

"အများကြီးမထိခိုက်သွားလို့ တော်သေးတာပေါ့...
ကျွန်တော်ဒီလာတုန်းက ဟိုလူကြီးရဲ့ခွေးနက်ကြီးကို တွေ့ခဲ့သေးတယ်။ အဲ့ကောင်ကြီး တော်တော်ကြောက်ဖို့ကောင်းတာပဲ။ သူ့အစွယ်ကြီးတွေက အကြီးကြီး.... မြင်တာနဲ့ကြက်သီးထတယ်။ ပြီးတော့ သူ့သခင်ကလည်း..."

LIFE (U/Z)Where stories live. Discover now