Part 29(Unicode)

106 14 2
                                    

"Mr.Linnအိမ်ရောက်တော့လည်း
Mr.Linnကပဲ ကော်ဖီဖျော်တိုက်ရတယ်။
ကိုယ့်အိမ်ရောက်တော့လည်း Mr.Linnကပဲ
ကော်ဖီဖျော်တိုက်ရတာပဲ"

သူဘာသာပြောပြီး သူ့ဘာသာပြုံးသည်။
မီးဖိုချောင်ကနေ ရွှေ့လိုက်ကြတဲ့နေရာက
စာအုပ်ထူထူတွေနဲ့ ဓာတ်ပုံတွေကိုလှမ်းမြင်နေရတဲ့
အိမ်ရှေ့ဧည့်ခန်းဆီသို့ဖြစ်သည်။ သစ်သားစားပွဲလေးရဲ့ တစ်ဖက်တစ်ချက်က ဆိုဖာခုံတွေမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း အညိုရောင်ကော်ဖီရည်ထဲက စကားလုံးတွေကို တစ်ယောက်တစ်လှည့်ဆွဲထုတ်ခဲ့ကြတဲ့အထဲ အဝါနှင့်အညိုရောမျက်၀န်းများက ပိုအားအသာဆုံးဖြစ်လိမ့်မည်ထင်သည်။ လင်းနေညိုကတော့ ခေါင်းစဉ်တစ်ခုကနေ တခြားခေါင်းစဉ်တစ်ခုကိုပြောင်းတဲ့နေရာမှာ ပိုအားသာနေခဲ့သလားမသိ။ သူ့ရဲ့အုံ့မှိုင်းမှိုင်း၀န်းကျင်မှာရော၊
နွေးနွေးထွေးထွေးအညိုရောင်၀န်းကျင်မှာရော ကော်ဖီအဖျော်ဆရာဟာ သူတစ်ယောက်တည်းသာဖြစ်ခဲ့ကြောင်း ပြောဆိုနေသည့်စကားဝိုင်းကို မကြာသေးခင်က အတိတ်တစ်ခုဆီ ဆွဲခေါ်သွားပစ်လိုက်သည်။

"ပထမဆုံးနှင်းကျတဲ့ညက
ဒေါက်တာပြောခဲ့တဲ့စကားကို မှတ်မိသေးလား"

"ဘာစကားလဲ Mr.Linn"

"စိတ်ပင်ပန်းစေတဲ့ပျော်ရွှင်မှုမျိုးတော့
ဒီကမ္ဘာမှာမရှိဘူး...ပျော်ရွှင်မှုကို လက်သင့်မခံနိုင်တဲ့စိတ်ကြောင့်သာ ပင်ပန်းနေကြရတာဆိုပြီးလေ"

"အာ...ဟုတ်တယ် ကိုယ်အဲ့လိုပြောခဲ့တယ်။ Mr.Linnမှတ်မိနေသေးတာလား"

"အဲ့စကားက သိပ်မှန်တယ်...မှန်လွန်းလို့
ကျွန်တော် တစ်လုံးမကျန်မှတ်မိနေတာဖြစ်မှာပေါ့"

ဘာမှတ်ချက်မှထပ်မပေးဘဲ လင်းနေညိုလက်ထဲက ကော်ဖီခွက်ကိုငေးရင်း ခေါင်းတညိတ်ညိတ်လုပ်နေခဲ့ပုံက လင်းနေညိုမှာပြောချင်တာရှိသေးရင် ထပ်ပြောနိုင်စေဖို့ လမ်းဖွင့်ပေးထားခဲ့သလိုပင်။ သူ့စိတ်ထဲမှာ ဘာတွေရှိနေသလဲ ဝေဖန်အကဲခတ်မည့်အကြည့်မျိုးမရခဲ့တာကြောင့်လည်း ကော်ဖီခွက်တွေကို ကိုယ်စီကိုင်ထားချိန်တွေမှာတော့ စကားလုံးတွေက လွတ်လပ်စွာခုန်ထွက်တတ်ခဲ့ကြသည်။

LIFE (U/Z)Where stories live. Discover now