Part 1(Unicode)

1.3K 52 2
                                    

Rest In Peace

HTET SHAR
1985 - 2020

Wherever you're, you'll
always be in my heart

ကျောက်သားထူထူပေါ် လှလှပပရေးထွင်းထားသည့် အင်္ဂလိပ်အက္ခရာတွေက ထိုကျောက်သားထက် စွဲစွဲမြဲမြဲ မြှုပ်ဝင်နေခဲ့သည်မှာ သည်နှစ်နွေဦးရာသီအလွန်မှာပင် တစ်နှစ်တင်းတင်း ပြည့်သွားခဲ့ပြီဖြစ်သည်။ သူ နေ့စဥ်ရက်ဆက် ရှင်းလင်းပေးခဲ့ခြင်းကြောင့် တစ်ယောက်သောသူနားခိုရာ မြေပုံနိမ့်နိမ့်လေးဟာ တခြားစွန့်ပစ်ခံမြေပုံများကဲ့သို့ ပျက်စီးယိုယွင်းမနေခဲ့ဘဲ ဆောင်းရာသီအကြွင်းအကျန်များ တင်ကျန်ရစ်နေသေးသော အယ်လ်ပ်တောင်တန်းကြီးကို နောက်ခံထား၍ ​မြက်ခင်းစိမ်းစိမ်းနှင့် အပြာရောင်ပန်းပွင့်ငယ်တွေကို အဖော်ပြုရင်း ဆွစ်ဇာလန်ရေမြေပေါ်မှာ အေးချမ်းစွာ ဆက်လက်တည်ရှိနေခဲ့သည်။

မြေပုံပေါ်မှာ တင်နေတဲ့သစ်ရွက်ကြွေတချို့ကို
ဖယ်ထုတ်ပြီးတော့ သူ့ရဲ့ လက်ချောင်းသွယ်တွေက
HTET SHARဆိုတဲ့ အမည်နာမလေးပေါ်မှာ တရွေ့ရွေ့ လူးလာခေါက်တုံ့နေသည်။ ထိုနူးညံ့သောလှုပ်ရှားမှုဟာ
ရင်ဘတ်ထဲက ခံစားချက်တွေနဲ့တော့ အမြဲလိုလို ထပ်တူမကျခဲ့။ သူ့နှလုံးသားထဲက သောကဝေဒနာတွေက တစ်ယောက်သောသူရဲ့ အမည်နာမလေးပေါ် ခပ်ဖွဖွထိတွေ့မိချိန်တိုင်းမှာ လွမ်းဆွတ်ရှသက်ဖွယ်ရာ ခံစားချက်များကြောင့် အသွေးအသားထဲကနေ တစိမ့်စိမ့် စူးနစ်နာကျင်နေခဲ့ရ၏။

"သျှားရယ်...မင်း ကိုယ့်ကိုထားသွားတာ သိပ်စောလွန်းတယ်"

အောင့်အည်းမထားနိုင်ပါဘဲ နှုတ်ဖျားကပါ
ရေရွတ်ထွက်သွားမိတဲ့ ကြေကြေကွဲကွဲ သူ့စကားသံက သူငေးကြည့်နေမိတဲ့ ရှေ့ကမြေပုံလေးဆီကို ​နွေရာသီ
လေပြည်ညင်းနဲ့အတူ ဦးတည်ဖြတ်သန်းသွားသည်။ သျှားသာရှိနေသေးရင် သူတို့ ဒီအချိန်ဆို မြို့ပတ်ရထားစီးပြီး ဆွစ်ဇာလန်နိုင်ငံရဲ့ လှပအေးချမ်းတဲ့ သဘာဝရှူခင်းတွေမှာ နှစ်နှစ်ခြိုက်ခြိုက် ပျော်ဝင်နေခဲ့ကြမှာ...။ ဒါ့အပြင် သူတို့နေထိုင်ရာ Felicitàမြို့လေးကို ဝန်းရံသွယ်တန်းထားတဲ့ စိမ်းမြမြ တောင်တန်းမြင့်မြင့်တွေပေါ်ကို ခြေလျင်တက်ပြီး တောင်ထိပ်ရောက်တာနဲ့ တိမ်လွှာခြားထားလို့ ခပ်မှုန်မှုန်သာ မြင်နေရတဲ့ အိမ်ငယ်လေးတွေဆီ ငုံ့ကြည့်အော်ဟစ်ရင်း တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့အကြောင်းတွေကို တောင်တန်းတွေကြားမှာ ပဲ့သင်သံထပ်စေခဲ့ဦးမှာ....။

LIFE (U/Z)Onde histórias criam vida. Descubra agora