Part 26(Unicode)

192 17 4
                                    

လူမှာ အလိုလိုသိစိတ်ရှိသည်။
ကျောခိုင်းထားသည်ပဲဖြစ်စေ၊ မျက်စိမှိတ်ထားသည်ပဲဖြစ်စေ ကိုယ့်ဆီရောက်လာတဲ့အကြည့်တွေကို
အလိုလိုခံစားသိနိုင်တဲ့စိတ်...။ ထိုစိတ်စေစားမှုကြောင့်
လင်းနေညိုသူ့မျက်လုံးတွေကိုဖွင့်လိုက်မိချိန်မှာ အဝါနှင့်အညိုရောမျက်၀န်းများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။ ဆိုဖာပေါ်ရှိနေရမည့်သူက လင်းနေညိုရှေ့မှာ ငုတ်တုတ်ကလေး။ သူ့မျက်လုံးအဖွင့်နဲ့ တစ်ဖက်လူထိုင်အချ တိုက်ဆိုင်သွားတာများလားလို့ တွေးလိုက်ချင်သော်လည်း တစ်ဖက်လူဆီမှာ ပြင်ဆင်ချိန်ရမသွားခဲ့ပုံက လင်းနေညိုရဲ့အသက်ရှူသံတွေကို ခေတ္တတုံ့ဆိုင်းသွားစေခဲ့သည်။ ဒူးခေါင်းပေါ်လက်ထောက်ရင်း လင်းနေညိုရဲ့မျက်နှာကို အသေအချာထိုင်ငေးနေခဲ့တာ ဘယ်အချိန်ကတည်းကလဲ...

"ဒေါက်...ဒေါက်တာနိုးလာပြီလား"

"အင်း....အခုလေးတင်ပါပဲ"

ကြားလိုက်ရတဲ့စကားက ယုံနိုင်ဖွယ်ရာမရှိ။
ဒူးကွေးထိုင်ထားတာကြာပြီဖြစ်ပုံရတဲ့ခန္ဓာကိုယ်က ပြန်အထမှာ ပေါ့ပေါ့ပါးပါးဟုတ်မနေခဲ့တာကိုကြည့်ပြီး
သူသက်ပြင်းခိုးရှိုက်မိသည်။ ခြေထောက်ကျဉ်နေတာကို ဖုံးကွယ်ဖို့အတွက် နံရံကိုပါမသိမသာခိုးမှီထားခဲ့သေးသူ။ သိသာလွန်းနေတဲ့လိမ်လည်မှုတစ်ခုကို မသိချင်ယောင်ဆောင်ရင်း ထိုနေရာကနေ လင်းနေညိုထထွက်သွားတော့ လက်ကောက်ဝတ်ကိုလှမ်းဆွဲလာသည်။

"ဘယ်သွားမလို့လဲ"

"‌ဒေါက်တာ့အတွက် တစ်ခုခုလုပ်ပေးမလို့လေ။
အကြာကြီးအိပ်ပျော်ထားတာဆိုတော့ ဗိုက်ဆာနေမှာပဲ"

"ကိုယ်ဗိုက်မဆာပါဘူး"

လက်ကောက်ဝတ်ကိုပြန်မလွှတ်သေး။ လင်းနေညိုငဲ့ကြည့်လိုက်တော့မှ ဆောရီးတစ်ခွန်းကိုအသုံးပြုပြီး အသာတကြည်ပြန်လွှတ်ပေးသည်။ ကြည်လင်လန်းဆန်းမှုလျော့နည်းနေတဲ့ ညှိုးညှိုးငယ်ငယ်မျက်ဝန်းတွေကို ကြာကြာမကြည့်နိုင်သဖြင့် အကြည့်လွှဲလိုက်ရသည်။
ဒီလူနဲ့ပတ်သက်ပြီး သနားဂရုဏာသက်လိုစိတ်နည်းနည်း‌လေးမှမဝင်ချင်...။

LIFE (U/Z)Where stories live. Discover now