2

357 5 0
                                    

Uni

" ကိုကို တကယ်ပဲ ဘိုးဘိုးဆီ ပြန်မလာဘူးလား "

ညီမငယ် ရူပါသိဒ္ဓိက သူ့ကို အသံစာစာဖြင့် မေးနေသည်။ သူလည်း ခရီးထွက်ရန် ပြင်ဆင်ရင်း ခေါင်းခါသည်။ နယ်တွင်ရှိသည့် ဘိုးဘိုးက သူ့ကို အသက်နှစ်ဆယ့်ငါးနှစ်ပြည့်သည့်အခါ ဖူးစာဖက်မိန်းကလေးကို ခေါ်ဆောင်၍ ပြန်လာရန် ပြောထားသည်။

သူကလည်း ဝါသနာပါရာကြိုးစားရင်း အလုပ်ရှုပ်နေသူမို့ ထိုသို့မလုပ်နိုင်ကြောင်း ပြောထား၏။ ထိုအခါ ဘိုးဘိုးက ရူပါသိဒ္ဓိကို ပြောခိုင်းပြန်သည်။ သူ့ထက် မိနစ်အနည်းငယ်သာ ငယ်သည့် ညီမဖြစ်သူက သူ့ကို  video call ဖြင့် ဖျောင်းဖျနေခြင်းဖြစ်ပါသည်။

ဓနသိဒ္ဓိနှင့် ရူပါသိဒ္ဓိ... သူတို့က ဆယ်မိနစ်သာ ကွာသည့် အမြွှာမောင်နှမဖြစ်သည်။ နယ်မြို့ငယ်လေးတစ်မြို့ဖြစ်သည့် ရွှေကျွန်းသာမြို့တွင် မွေးဖွားခဲ့သော်လည်း ဓနသိဒ္ဓိက အရွယ်ရောက်သောအခါ သူ့ဝါသနာအတွက်ကြိုးစားရင်း မြို့ကြီးတွင် အလုပ်အကိုင် အခြေချရန်ကြိုးစားသည်။ ညီမဖြစ်သူကမူ သူတို့လက်ငုပ်လက်ရင်း စီးပွားရေးနှင့် အဘိုးဖြစ်သူ ဦးရောင်ထည်ကို စောင့်ရှောက်ရင်း ကျန်ခဲ့သည်။

( ✍️ - မြို့ရွာနေရာဒေသများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ )

သူတို့တွင် မိဘနှစ်ပါးလုံး မရှိကြတော့ပါ။ သူတို့မွေးဖွားပြီး ငယ်ရွယ်စဉ်မှာပင် ရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြ၏။ ထိုအချိန်မှစ၍ သူတို့ကို ဘိုးဘိုးဦးရောင်ထည်က ပြုစုစောင့်ရှောက်ခဲ့ပါသည်။

သူ နှစ်ဆယ့်လေးနှစ်ပြည့်သည်နှင့် ဘိုးဘိုးက ဖူးစာဖက်ကိုရှာဖွေရန် တိုက်တွန်းသည်။ အကြောင်းမှာ သူတို့မိသားစုစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော ဖူးစာဖက်လက်စွပ်များကြောင့်ပင်ဖြစ်သည်။

သူတို့မိသားစုပိုင် လက်စွပ်နှစ်ကွင်းရှိ၏။ ဘိုးဘိုးတို့မိဘများလက်ထက်ကတည်းက ပိုင်ဆိုင်ခဲ့သည့် ထိုလက်စွပ်နှစ်ကွင်းက အရည်အသွေးကောင်းမွန်လွန်းသည့် ပန်းရောင်ပတ္တမြားတစ်စုံဖြင့် လက်စွပ်ရတနာပြုလုပ်ထားခြင်းဖြစ်သည်။

My Sweetheart CupidWhere stories live. Discover now