၂၇

145 2 0
                                    

Uni

" ဒေါက် ဒေါက် ဒေါက် "

" ဘိုးဘိုး ကျွန်တော်ရောက်ပြီဗျ "

စာဖတ်ခန်းအဝမှ တံခါးကိုခေါက်ရင်း အသာဖွင့်ကာ အသံပြုလိုက်ပါသည်။ ဦးရောင်ထည်က စာအုပ်တစ်အုပ်ကို ဖတ်ရှုနေရာမှ မျက်လွှာပင့်ကြည့်၏။ ရွက်သစ်ပုံနှိုင်းကိုမြင်လျှင် စာအုပ်ကိုချထားလိုက်သည်။

" လာ ဝင်ခဲ့လေ မောင်ရွက်သစ် "

ဦးရောင်ထည်က စာဖတ်စားပွဲမှထလာပြီး အခန်းတွင်းရှိ ကျွန်းဆက်တီတွင် ထိုင်သည်။ ရွက်သစ်ကိုလည်း ထိုင်ရန်လက်ဟန်ပြ၏။ ရွက်သစ်လည်း ရိုရိုကျိုးကျိုးပင် ဝင်ထိုင်လိုက်သည်။

" ဘိုးဘိုးကျွန်တော့်ကို ပြောစရာရှိလို့လားဗျ "

ဦးရောင်ထည်က မေးစေ့ကို လက်ဖြင့်အသာပွတ်ရင်း ငြိမ်နေသဖြင့် ရွက်သစ်ကသာ စကားစလိုက်ရသည်။ ယခုနောက်ပိုင်းတွင် ဦးရောင်ထည်က အပြင်ထွက်ခြင်းနည်းလာပြီး အိမ်တွင်သာ အနေများလာသည်။ သွားစရာရှိပါကလည်း ဓနကိုခေါ်သွားလေ့ရှိပြီး ဓနကိုမမြင်သည်နှင့် ချက်ချင်းမေးမြန်းလာလေ့ရှိ၏။
ထိုအပြုအမူက ထူးဆန်းနေပါသော်လည်း ဦးရောင်ထည်က ပုံမှန်အပြုအမူတစ်ခုနှယ်သာ ပြုမူနေလေရာ သူတို့လည်း အမှုမဲ့အမှတ်မဲ့သာ နေဖြစ်ကြသည်။

" မောင်ရွက်သစ် အခုထိ မြေးဓနရဲ့ ဖူးစာဖက်ကို မတွေ့သေးဘူးလို့ ပြောတယ်နော် "

" ဟုတ်ကဲ့ ဘိုးဘိုး "

" ဒါဖြင့် ဘိုးဘိုးက လူတစ်ယောက်ကိုခေါ်လာပြီး ဓနရဲ့ဖူးစာဖက်ဟုတ်မဟုတ်ကိုရော စစ်ဆေးကြည့်ခိုင်းလို့ရမလား "

"..... "

ရွက်သစ် နှုတ်ဆိတ်သွားရသည်။ ခက်သည်က သူ ယခုအချိန်အထိ ဓန၏ ရင်ခုန်သံကို မကြားနိုင်သေးခြင်းပင်။ ထို့အပြင် သူ့ရင်ထဲမှ ဓနအတွက် ခံစားချက်များကို မဖြစ်သင့်ဟု ထင်ကာ ပြန်မျိုသိပ်ထားခဲ့ရသည်။ အဆင်ပြေသည်တော့မဟုတ်။ အဆင်ပြေအောင် နေရခြင်းပင်။

" မရဘူးလား မောင်ရွက်သစ် "

ဦးရောင်ထည်က ထပ်မံမေးသည်။ ရွက်သစ်က မဖြေသဖြင့် အားမလိုအားမရဖြစ်နေခြင်းလည်း ဖြစ်၏။ ကိုယ်ကြီးကိုပင်ရှေ့တိုးလာကာ

My Sweetheart CupidWhere stories live. Discover now