၃၀

139 1 0
                                    

Uni

ဝါးလုံးကွဲရယ်မောသံကြောင့် ရွက်သစ်လည်း ကြောင်နနလေး ကြည့်နေမိလေသည်။ နွေတေးကမူ ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား နှစ်နှစ်ခြိုက်ခြိုက်ပင် ရယ်မောနေလေသည်။ အတန်ကြာရယ်မောနေပြီးနောက် မျက်ရည်စများစို့လာသည့် မျက်လုံးထောင့်လေးများကို လက်ကိုင်ပဝါဖြင့် တို့ထိကာ သုတ်လိုက်၏။

" အဟွန်း ! ရှင် တော်တော် ရယ်ရတာပဲ "

" ဘယ်လို ? "

" ရှင်က ကိုဓနကို အဲ့လောက်တောင် ကြိုက်တာလား "

" ဘာ ? "

နွေတေး၏ လှောင်ပြုံးများကို သူ ဂရုမစိုက်နိုင်သေး။ သူနားမလည်သေးသည့် စကားများကိုသာ နားစွင့်နေရလေသည်။ နွေတေးက ရွက်သစ်ကို အထင်သေးသည့်အပြုံးဖြင့်ရှိသည်။

" ကိုဓနကပြောတယ် သူ အမြန်ဆုံးလက်ထပ်ချင်တာက ရှင့်ရန်ကို ကြောက်လို့တဲ့လေ "

" ဘာ !!! "

" ရှင်က သူ့ကို တစ်ဖက်သတ်ကြိုက်နေခဲ့တာကြာပြီတဲ့ "

" ???? "

ရွက်သစ်ဆွံ့အသွားရတော့သည်။ နွေတေး၏စကားများကိုပင် မတုန့်ပြန်နိုင်တော့ဘဲ ကြောင်ငေးလျက်ရှိ၏။ ဓနပြောခဲ့သည့် စမ်းကြည့်လိုက်ပါ ဟူသည့်စကား၏ အဓိပ္ပာယ်ကို သူ အခုမှပင် ကောင်းကောင်းကြီးနားလည်လာတော့သည်။

ဓနက နွေတေးထံသို့ ထိုစကားများဖြင့် ရွက်သစ်တားဆီးမည့်စကားများကို ကြိုတင်ဟန့်တားထားလေသည်။ နွေတေးက ကြောင်ငေးနေသည့်ရွက်သစ်ကို ပြုံးစိစိကြည့်ကာ ထရပ်လိုက်သည်။

" အဟွန်း ! ကျွန်မသိနေလို့ ရှင်မရှက်ပါနဲ့ ကျွန်မက နားလည်ပေးနိုင်တဲ့သူပါ၊ ဒါပေမယ့် ရှင့်ကို ကိုဓနက မချစ်မှတော့ ကိုဓနအနားမှာ တွယ်ကပ်မနေဘဲ ထွက်သွားသင့်ပြီလို့ထင်ပါတယ် ဟုတ်တယ်မလား "

နွေတေးက အနိုင်ပိုင်းပြီး ထွက်သွားရန်ပြင်သည်။ ရွက်သစ်လည်း ထိုင်နေလျက်ပင် လက်ပိုက်ထားလိုက်ပြီး နာမည်တစ်ခုကို ရေရွတ်လိုက်သည်။

" ထွန်းသစ်စ ! "

" ဟင် ?? "

နွေတေးတစ်ကိုယ်လုံးတောင့်တင်းသွားပြီး ချက်ချင်းပင်လှည့်ကြည့်လာသည်။ သူမအကြည့်များက မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်လျက်။ ရွက်သစ်ကို ထိုအမည်နာမအား မည်သို့သိလာခဲ့သည်ကို မေးချင်နေဟန်ရှိ၏။

My Sweetheart CupidWhere stories live. Discover now