၄၃

152 4 0
                                    

Uni

တစ်နှစ်ကျော်ကြာသွားခဲ့လေပြီ....

ရွှေကျွန်းသာမြို့လေးက အရင်ကအတိုင်းပင် သာယာချမ်းမြေ့နေဆဲဖြစ်၏။ မနက်ခင်း၏ သာယာချမ်းမြေ့ခြင်းများကိုခံစားရင်း ဓန နိုးလာသည်။

နိုးလာသည်နှင့် သူလုပ်မိသည်က အင်တာနက်ပေါ်ရှိ သူ့ဝတ္ထုအပေါ် တုန့်ပြန်ချက်များကို လေ့လာဖတ်ရှုခြင်းပင်။

* အာသာ တအားရက်စက်တယ် 😭 *

ကွန်မန့်လေးအသစ်လေးတစ်ခုတက်လာသည်။ သူ ဖတ်လိုက်ရင်း နာနာကျင်ကျင်ပြုံးမိ၏။ သူ့နာကျင်ရခြင်းများကို ဖွင့်ထုတ်ပစ်ရန် အချိန်များစွာကြာအောင်ပင် ကြိုးစားခဲ့ရသည်။ သို့သော် ရွက်သစ်ပုံနှိုင်းကို မေ့နိုင်ခြင်းမရှိခဲ့ပေ။ နောက်ဆုံး သူကြိုးစားခဲ့သည့်နည်းလမ်းက မေ့ပျောက်နိုင်ရန်မဟုတ်ဘဲ ဖွင့်ထုတ်ဖော်ပြလိုက်ခြင်းပင်။

သူတို့နှစ်ယောက်၏ အဖြစ်အပျက်များအားလုံးကို ဇာတ်လမ်းတစ်ခုနှယ် ဖော်ထုတ်ရေးသားလိုက်ခြင်းဖြစ်သည်။ ဖြစ်ရပ်မှန်ကိုယ်တွေ့ဖြစ်သဖြင့် သူ့ဝတ္ထုက စာဖတ်သူများကို ပိုမို၍ ခံစားရစေသည်။ ဖတ်ရှုသူတိုင်းက တစ်ခွန်းတည်းပြောကြသည်။

ဒီဝတ္ထုတစ်ပုဒ်ကတော့ ဖတ်သူတိုင်းကို ငိုစေလိမ့်မည်ဟူ၍...

သူကိုယ်တိုင်လည်း မျက်ရည်များကြားမှ ဒီဝတ္ထုကို ဖန်တီးခဲ့သည်သာ။ ရင်နာရခြင်းများကြားမှ ဒီဝတ္ထုကို စာစီကုံးခဲ့ရသည်သာ။ အလွမ်းများဖြင့် ထုံမွှမ်းထားသည့် ထိုဝတ္ထုက ဖတ်သူတိုင်းကို ခံစားချက်အစစ်အမှန်များ ဖြစ်ပေါ်လာစေလေသည်။

မန့်တစ်ချို့ကို ဖတ်ပြီးနောက် သူ အိပ်ရာမှထကာ ရေမိုးချိုးလိုက်၏။ ရေချိုးခန်းမှအထွက် ဖုန်းဝင်လာသဖြင့် တပတ်ဖြင့် ကိုယ်ကိုပွတ်သုတ်ရင်း ဖြေရသည်။

" ဟယ်လို "

" ဓန မင်းဝတ္ထုက တကယ်ပေါက်နေတာနော် "

" အင်း "

သူငယ်ချင်းစာတိုက်ပိုင်ရှင်က ဖုန်းဆက်ခြင်းဖြစ်သည်။ ဓန စာစရေးကတည်းက သူကလည်း ထုတ်လုပ်သူအဖြစ် စတင်ခဲ့သူဖြစ်သည်။ ဓနက သူတို့စာတိုက်၏ ပင်တိုင်စာရေးဆရာပင်။ ထို့ကြောင့် ဓန၏စာအုပ်တိုင်းကို အကောင်းဆုံးထုတ်ဝေသူဖြစ်လေသည်။

My Sweetheart CupidWhere stories live. Discover now