3

258 3 0
                                    

Unicode

ဒီတစ်ခေါက်ခရီးက လိုင်းကားဖြင့်သာ သွားကြရန် စီစဉ်ထားကြ၏။ ရွက်သစ်နှင့် ဒီရေတို့သည် မိမိတို့စီးရမည့် လိုင်းကားပေါ်သို့ တက်လာခဲ့ကြသည်။ ထိုင်ခုံနံပါတ်များက အတွင်းဘက်တွင်ဖြစ်နေကာ ကြားတွင် လျှောက်လမ်းဖြစ်နေသေးသည်။

မတတ်နိုင်ပေ။ ဆရာတပည့်နှစ်ယောက် ခရီးသည်အချင်းချင်းညှိကြမည်ဟု တွေးကာ အရင်ထိုင်နေကြရသည်။ မကြာပါ လိုင်းကားပေါ်သို့ အခြားခရီးသည်များလည်း ရောက်လာကြသည်။

ရွက်သစ်ပုံနှိုင်းနှင့် အတူတူစီးရမည့် ခရီးသည်ကိုမြင်လျှင် သူ ချက်ချင်းမှတ်မိသွားသည်။ ဒါ ဟိုဓာတ်ပုံဆရာ။ ထိုလူကလည်း မှတ်မိသည့်ထင်။ သူ့ကိုမြင်လျှင် ခဏကြောင်သွားကာ ထို့နောက် ပြုံးပြလာသည်။

သူပြုံးမပြဖြစ်ပါ။ ချက်ချင်းမျက်နှာလွှဲလိုက်၏။ ထိုလူက အနားသို့ရောက်လာသည်။ ရွက်သစ်ပုံနှိုင်းလည်း ထရပ်၍ နေရာဖယ်ပေးလိုက်သည်။ ထိုလူက ပြတင်းဘက်သူ့နေရာတွင် ဝင်ထိုင်သည်။

ဒီရေနှင့်အတူတူစီးနိုင်ရန် နေရာလဲမည့်အကြောင်းလည်း မပြောဖြစ်တော့ပေ။ ပြောချင်စိတ်မရှိတော့သည်ဆိုလျှင် ပိုမှန်သည်။ ဒီရေက ဆရာဖြစ်သူကို နေရာလဲဖို့ပြောရန် မျက်ရိပ်ပြနေသည်။ သို့သော် ပုံမှန်ထက်ပိုတည်နေသည့် ဆရာ့မျက်နှာကြောင့် ပေါ်ပေါ်တင်တင်လည်း မပြောရဲပေ။

အချိန်တိုအတွင်း စိတ်ရှုပ်သွားသည့် ဆရာ့ကြောင့် ဒီရေ နားမလည်နိုင်ဖြစ်သွားလေသည်။ သို့သော် အလိုက်သိသည့် တပည့်ကြီးအဖြစ် တာဝန်ကျေစွာ သူကသာ ဟိုဘက်ကလူကို စကားစရတော့သည်။

" ဟို အစ်ကို "

" ဗျာ ! ကျွန်တော့်ကိုလား "

" ဟုတ်ကဲ့ ဗျ "

ဒီရေက ခပ်ပြုံးပြုံးဆိုလျှင် ဓနသိဒ္ဓိကလည်း ပြုံး၍ ခေါင်းငြိမ့်လိုက်ရ၏။ ကိုယ့်ထက်ကြီးမည်ဟု ထင်ရသော်လည်း လေးစားသမှုနှင့် အစ်ကိုဟု ခေါ်သည်ဟု ယူဆကာ ခေါင်းငြိမ့်လိုက်ရသည်။

" ပြောပါဗျ "

" ဟို နေရာလေးလဲပေးလို့ရမလားခင်ဗျ၊ ကျွန်တော့်ဆရာနဲ့ အတူတူထိုင်ချင်လို့ပါ "

My Sweetheart CupidWhere stories live. Discover now