Uni
" အင့် ! "
အခန်းထဲသို့ရောက်သည်နှင့် တံခါးဘေးမှနံရံသို့ ကျောကပ်သွားရသည်။ ဓနက သူ့အပေါ်သို့ အုပ်မိုးထားလျက်သား။ လက်နှစ်ဖက်က ရွက်သစ်၏ ပခုံးများနံဘေးသို့ ထောက်ကန်ထား၏။ အကြည့်စူးစူးတို့က ရွက်သစ်၏ မျက်နှာလေးထက်သို့ တည့်တည့်မတ်မတ်ကျရောက်နေလေသည်။
ရွက်သစ်လည်း နာကျင်သွားသည့်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း သူ့အပေါ် ကြမ်းတမ်းနေသူကို မကြည်မလင်မော့ကြည့်ကာ မေးလိုက်သည်။
" လက်တွေနာကုန်ပြီ မင်းဘာလုပ်တာလဲ "
ကလေးရုပ်ဖြင့် မိုက်ကြေးခွဲနေသူကိုကြည့်၍ ခပ်မဲ့မဲ့ပြုံးမိကာ ပြန်ဖြေရသည်။
" ဘာလုပ်တယ်ထင်လို့လဲ "
ရွက်သစ်ကလည်း မဆိုင်းမတွပင် ပြန်ဖြေလေသည်။
" မင်းငါ့ကို အနိုင်ကျင့်နေတာလေ "
" ဒေါသဖြစ်အောင်လုပ်တာ ဘယ်သူလဲ "
" ဘယ်သူကလုပ်လို့လဲ မင်းပဲအရင်လာစတာ "
" စတာမှန်းသိလျက်သားနဲ့ အတည်ပေါက်ကြီး ပြန်ပြောနေတာကရော ဘယ်သူလဲ "
ဓနကလည်း တစ်ခွန်းမခံ။ ရွက်သစ်က နှုတ်ခမ်းလေးမဲ့ပြကာ
" မင်းလိုပေါ့ ငါလည်း ပြန်စတာ "
ဓန၏ မျက်ဝန်းများ ရယ်မြူးရိပ်သန်းသွားလေသည်။ နှုတ်ခမ်းနီတျာလေး စူထော်နေသည်အထိ ရန်တွေ့ကောင်းသူကိုကြည့်ရင်း အသဲယားလာသည်။ ထို့အတူ ပိုမိုမြတ်နိုးမိရင်း စိတ်မချဖြစ်လာရသဖြင့် သူ့ရင်ခွင်ထဲမှ လူပေါက်စကို ပိုင်ဆိုင်လိုစိတ် ဖြစ်လာရသည်။
လူပေါက်စပြောသလို သူ့ကို ရွက်သစ်က လမ်းခွဲသွားခဲ့လျှင်ရော သူ လက်ခံနိုင်ပါ့မလား ?
ဟင့်အင်း ?
စက္ကန့်မဆိုင်းထွက်လာသည့်အဖြေက လုံးဝ(လုံးဝ) မဖြစ်နိုင်ပါ ဟူ၍ပင်။
ထိုအခါ သူ့လူပေါက်စ၏ လမ်းခွဲခြင်းကို အပျော်သဘောနှယ် ပြောသည်ကပင် သူ့ကို သဝန်တိုလာစေသည်။ စိုးရိမ်စိတ်ဖြင့် ပူလောင်လာစေသည်။ အတွေးတို့လွန်နေစဉ်မှာပင် သူ့လက်တစ်ဖက်က ရွက်သစ်၏ ခါးသိမ်သိမ်သို့ ပွတ်သပ်နေမိပြီ။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24