၃၁

210 3 0
                                    

Uni

မနက်ခင်းက ညောင်းညာမှုများဖြင့်နိုးထလာခဲ့ရသည်။ တစ်ညလုံးတွင်မှ သုံးနာရီခန့်သာ အိပ်စက်ခဲ့ရသဖြင့် မျက်လုံးများကလည်း ကျိန်းစပ်နေသေး၏။ တစ်ညလုံး ရွက်သစ်၏ကုတင်နံဘေးတွင် ဒရင်းဘတ်ချကာ အိပ်ခဲ့ရသဖြင့် လူက ခြေညောင်းလက်ဆန့်လည်း မလုပ်နိုင်ခဲ့ပေ။ သို့သော် ညောင်းညာနေသည်များအား ဓန ဂရုမစိုက်အားသေး။ အိပ်ရာမှနိုးသည်နှင့် သူပထမဆုံး ပြုလုပ်ခဲ့သည်က ရွက်သစ်၏နဖူးအား မမေ့မလျော့စမ်းကြည့်ရန်ဖြစ်လေသည်။

" ဟူး !!!!! "

စိတ်ချရ သောအပူချိန်ကြောင့် စိတ်သက်သာရာရစွာ လေပူတစ်ချက်မှုတ်ထုတ်မိလေသည်။ ရွက်သစ်အဖျားကျသွားချေပြီ။ တစ်ညလုံး ကိုယ်ပူမကျသဖြင့် ရေအေးဝတ်ကို တစ်ချိန်လုံးတင်ထားခဲ့ရလေသည်။ နာရီဝက်တိုင်း ရေအေးဝတ်လဲလှယ်နိုင်ရန် သူ မအိပ်ဘဲစောင့်ခဲ့ရသည်ကိုဖြင့် အိပ်နေသူတစ်ယောက် သိနိုင်လိမ့်မည်မထင်ပေ။ ယခုတိုင် အေးအေးဆေးဆေးပင် အိပ်မောကျနေဆဲဖြစ်သည်။

" တော်သေးတယ် မပူတော့ဘူး "

ရေရွတ်လိုက်မိရင်း လက်ဖဝါးပြင်အောက်မှ မျက်နှာလေးအား စိုက်ကြည့်မိသွား၏။

တစ်ညလုံးဖျားထားသဖြင့် မျက်နှာအသွေးအရောင်က ဖြူဖျော့နေသည်။ အစဉ်အမြဲနီမြန်းနေတတ်သည့် နှုတ်ခမ်းလေးများပင် ပန်းရောင်ဖျော့ဖျော့သာ သန်းလျက်ရှိ၏။ ပါးပြင်တို့ကလည်း ဝါဖျော့ဖျော့အရောင်သန်းလျက်။

ဓနလည်း နုနုငယ်ငယ်မျက်နှာကို ငေးစိုက်ကြည့်နေမိသည်။ မြတ်နိုးရသူက ပန်းတစ်ပွင့်၏ လှပခြင်းမျိူးဖြင့် နှစ်လိုဖွယ်ကောင်းသည်။ ငေးကြည့်နေရုံဖြင့်လည်း မြတ်နိုးနိုင်သည်။ ခူးယူပိုင်ဆိုင်ခွင့်ရလျှင်လည်း တန်ဖိုးထားဖွယ်ကောင်းသည်။

" လှလိုက်တာ !!! "

တစ်ကိုယ်တည်းရေရွတ်လိုက်ရင်း နဖူးပေါ်မှလက်ကို ဖယ်လိုက်သည်။ခါတိုင်း မျက်နှာပေါ် ဖုံးအုပ်နေတတ်သည့် ဆံပင်နုနုတို့က ခေါင်းအုံးထက်သို့ မထိတထိဖြာကျနေကြသည်။ ထိုအခါ ကကြီးပုံနဖူးပြင်အနားသတ်လိုင်းက လှပစွာပေါ်လာ၏။

My Sweetheart CupidWhere stories live. Discover now