Uni
" ဟေ့ ကားတွေအဆင်သင့်ဖြစ်ရဲ့လား "
ဦးရောင်ထည်က တက်ကြွသောအသံဖြင့် သူ့အလုပ်သမားများကို မေး၏။
ယနေ့က သူတို့မိသားစုအတွက် အရေးကြီးသည့် နေ့တစ်နေ့လည်းဖြစ်သည်။ဒီရေ့မိသားစုနှင့် မိဘဆွေမျိုးများအားလုံး လာရောက်ကြမည်ဖြစ်သဖြင့် ဦးရောင်ထည်တို့ ဆွေမျိုးတစ်စုကလည်း မြို့အဝင်အထိ သွားရောက်စောင့်ကြိုကြရန် ပြင်ဆင်နေကြခြင်းဖြစ်၏။ အိမ်စီးကားငါးစီးဖြင့် သွားရောက်ကြိုဆိုရန် ပြင်ဆင်ထားကြ၏။
ဆွေမျိုးများကလည်း ဝတ်ကောင်းစားလှများဖြင့် တောက်ပနေကြပြီး နှစ်ဖက်ဆွေမျိုးများ တွေ့ဆုံကြိုဆိုကြရန် အဆင်သင့်ဖြစ်နေကြလေသည်။ ကားသမားများက ကားများကို စနစ်တကျစီတန်းထားပြီးနောက် ထွက်ရန်အဆင်သင့်ဖြစ်ကြ၏။ ဦးရောင်ထည်က ရူပါနှင့်ဒီရေတို့ကိုကြည့်၍...
" မြေးတို့နှစ်ယောက်က ရှေ့ဆုံးကကားမှာစီးလိုက်ကြ၊ ကျန်တဲ့သူတွေက အဆင်သင့်သလို စီးကြတာပေါ့ "
ဦးရောင်ထည်က အားလုံးကိုစီမံပေးပြီး သူစီးရမည့်ကားဆီသို့ ထွက်သွား၏။ အားလုံးသည် မင်္ဂလာရှိလှသည့်နေ့ဖြစ်သဖြင့် အပြုံးကိုယ်စီဖြင့် ကားများဆီသို့ လျှောက်သွားလိုက်ကြသည်။
" မောင်ရွက်သစ်ကရော ဘယ်ကားနဲ့လိုက်မလဲ ၊ ဘိုးဘိုးနဲ့ အတူလိုက်မလား "
" ဟို ကျွန်တော်... "
ရွက်သစ် လိုက်သင့်မလိုက်သင့် ဝေခွဲမရဖြစ်နေဆဲဖြစ်၏။ ဒီရေ့ဖခင်က ရွက်သစ်ကို အမြင်မကြည်ပေ။ ဒီရေ့ရှေ့ရေးကို ပိတ်ပင်သည်ဟု မြင်သည်ကတစ်ကြောင်း... ရွက်သစ်ကို ဂရုစိုက်ပေးနေရသဖြင့် ဖခင်ဖြစ်သူထံမှ မေတ္တာကို ဆုံးရှုံးခဲ့ရသည်ဟု လက်ခံထားခဲ့ဖူးသည်ကတစ်ကြောင်းကြောင့် ရွက်သစ်၏ ဘဝအမှန်ကို သိနေသည့်တိုင် ရွက်သစ်အပေါ် အမြင်မကြည်နိုင်ခြင်းဖြစ်လေသည်။
ထို့ကြောင့် ရွက်သစ် တွေဝေနေရခြင်းဖြစ်၏။ ထိုစဉ် ရွက်သစ်၏ပခုံးထက်သို့ လက်တစ်ဖက်ရောက်လာကာ သိုင်းဖက်လိုက်၏။
" ရွက်သစ်ပုံနှိုင်းက ကျွန်တော်နဲ့လိုက်လိမ့်မယ် ဘိုးဘိုး၊ ဘိုးဘိုးတို့ သွားနှင့်ကြပါ "
YOU ARE READING
My Sweetheart Cupid
Casualeဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24