Uni
နောက်နေ့များတွင် ဓနသည် အိမ်တွင်ကပ်နေသည်ဟူ၍ မရှိတော့ဘဲ အပြင်သို့သာ ထွက်နေသည်ကို တွေ့ရလေသည်။ ဦးရောင်ထည်က ဓနကို အပြင်မထွက်စေလိုသော်လည်း ဓနက ချစ်ရသူတွေ့နေသည်ဟု ဆိုကာဆက်လက်သွားလာနေသဖြင့် လက်လျော့ရတော့သည်။
ယခုလည်း ချိန်းထားသည်ဟုဆိုကာ အိမ်မှကားကိုယူ၍ ထွက်သွားပြန်သည်။ ရွက်သစ်လည်း ကားနောက်မြီးလေးကို အခန်းပြတင်းမှရပ်၍ ကြည့်နေမိသည်။
" မင်းသခင်အသစ်က ထပ်ထွက်သွားပြန်ပြီ "
ရွက်သစ်က တိုးတိုးပြောနေသည်။ ပြတင်းနံဘေးတွင်တင်ထားသည့်အပြင်ဖြူလေးက တငြိမ့်ငြိမ့်လှုပ်ခတ်နေရင်း နားထောင်နေဟန်ရှိ၏။
ရွက်သစ်က ထိုအပင်ငယ်လေး၏ ရွက်ငယ်လေးကို လက်ဖြင့်အသာပွတ်သပ်ရင်း
" သူ တကယ်ချစ်ရသူတွေ့သွားရင် ငါ့ကိုလည်း ဆုံးဖြတ်ပေးဖို့ ခိုင်းတော့မှာမဟုတ်ဘူးထင်တယ် "
ဓန၏အရွတ်ဆန်ဆန်အပြုံးများကိုမြင်ယောင်မိရင်း ပြောမိပြန်သည်။
" သူ ငါ့ကို မလိုအပ်တော့ရင် ငါလည်း ဒီမှာနေဖို့ မလိုအပ်တော့ဘူးပေါ့ "
ရွက်သစ်၏စကားအဆုံးတွင် အပင်ငယ်လေး၏ တငြိမ့်ငြိမ့်လှုပ်ရှားမှုများ ရပ်တန့်၍သွားတော့၏။ ရွက်သစ်လည်း ထိုအပင်ငယ်လေးကိုငုံ့ကြည့်လိုက်ရင်း
" မင်းလည်း စိတ်မကောင်းဘူးမလား.. အင်း... ငါလည်း စိတ်မကောင်းဘူးပဲ "
အပြစ်ငြိမ်းသစ်ပင်ငယ်သည် ရွက်သစ်၏ ခံစားချက်တို့ကို နားလည်သည့်အလား ငြိမ်သက်နေသည်။
ဓနသည် အမှန်ပင်ချစ်ရသူ မိန်းကလေးတစ်ယောက်ကို ခေါ်ဆောင်လာကာ လက်ဆက်မည်ဆိုပါက သူ ဘာပြောနိုင်ဦးမှာတဲ့လဲ။ သူ့ဘဝဖူးစာဖက်အရေးအတွက် ရွက်သစ်၏အကူအညီပကို မလိုအပ်ဘူးဟု ဆိုလာပါက ရွက်သစ်လည်း မည်သို့မျှတတ်နိုင်မည်မဟုတ်ပေ။အတွေးများစွာဖြင့် ငိုင်နေမိစဉ်မှာပင် ဓန၏ကားလေးက ခြံဝင်းထဲသို့ ပြန်ဝင်လာခဲ့သည်။
" သူ ပြန်လာပြီ ! "
ရွက်သစ်လည်း ရေရွတ်လိုက်ရင်း ဧည့်ခန်းဆီသို့ အမြန်ထွက်လာခဲ့လေသည်။ ဧည့်ခန်းသို့ရောက်လျှင် ဓနက ကားတံခါးကိုဖွင့်ပေးနေသည်။ ကားထဲမှ ဖြူနုနုခြေဖျားလေးက အပြင်သို့ ခြေချလာခဲ့သည်။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24