Uni
" တကယ်လှလိုက်တာနော် "
ဓနက ကြည့်မဝနိုင်စွာငေးရင်း ရေရွတ်လေသည်။ ရွက်သစ်ကလည်း အပင်ငယ်လေး၏ အသီးလေးကိုကြည့်ကာ သူ့ရင်ဘတ်သူ ပြန်စမ်းလိုက်မိ၏။
တဒုတ်ဒုတ်ခုန်နေသည့် ရင်ခုန်သံများက အသီးငယ်၏ တလှုပ်လှုပ်ခုန်နေခြင်းနှင့် တစ်ထပ်တည်းကျလေသည်။ အပင်ငယ်လေး၏ အလယ်တွင် သီးပွင့်နေသည့် အသီးငယ်က အနီရောင်တောက်တောက်ဖြင့် စိုရွှမ်းနေကာ နှလုံးသားတစ်ခု၏ပုံစံမျိုးရှိလေသည်။ တလှုပ်လှုပ်ဖြင့်ခုန်နေပုံက လူတစ်ယောက်၏ နှလုံးသားတစ်ခုအလုပ်လုပ်နေပုံနှင့် တူလေသည်။
ယခုအခါ အပင်ငယ်လေးသည် အဖြူရောင်ရွက်ငယ်လေးများက အရင်ကထက် တောက်ပနေပြီး အပင်များမှ အပင်ကြောများကလည်း အနီရောင်သစ်ရည်များ စီးဆင်းနေလေသည်။ အရွက်လေးများအထိ အနီရောင်အကြောလေးများမြင်နေရကာ လူတစ်ယောက်၏ ဆံခြည်မျှင်သွေးကြောလေးနှယ်ဖြစ်တည်သည်။ အပင်လေးက ယခင်ကထက် ပိုမိုကြီးထွားလာပြီး ငွေငန်းဖြူကဲ့သို့ ဖွေးဖွေးလှုပ်နေတော့သည်။
" လူပေါက်စလေး "
ဓနက အပင်ငယ်လေးအားငေးကြည့်ရင်း ရွက်သစ်ကိုခေါ်သည်။ လက်တစ်ဖက်ကလည်း ရွက်သစ်၏လက်တစ်ဖက်ကို တယုတယ ဆုပ်ကိုင်ထား၏။
" မင်း အခုပိုပြီး နေကောင်းလာရဲ့လားဟင်၊ ရင်ခုန်သံက သိပ်မြန်နေသလားလို့ "
ဓနက သစ်သီးငယ်ကိုကြည့်ရင်း မေးခြင်းဖြစ်သည်။ အမှန်ပင် အပင်ငယ်လေး၏ အသီးလေးကလည်း တလှုပ်လှုပ်ဖြင့် မြန်မြန်ဆန်ဆန်ပင် ခုန်ပေါက်နေလေသည်။ ရွက်သစ်က ပါးလေးများနီလျက် ဖြေသည်။
" အဲ့ အဲ့ဒါက မင်း ငါ့လက်ကို ဆုပ်ကိုင်ထားလို့လေ "
" ဟုတ်လား "
ဓနက ရယ်မောရင်း လက်ကိုလွှတ်ပေးလိုက်ကာ
" ကဲ ကိုယ်လွှတ်ပေးလိုက်ပြီနော် ဟုတ်ပြီလား "
" အဟီး ! "
ရွက်သစ်က ပခုံးလေးတွန့်လျက်ရယ်ရင်း ဓနအနားသို့ တိုးကပ်၍ထိုင်သည်။ ဓနကလည်း ရွက်သစ်ကို ပြန်ငဲ့ကြည့်ရင်း
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24