Uni
" ဝါး !!!! ခုမှပဲ စိတ်ရောကိုယ်ပါ ပေါ့ပါးသွားတော့တယ် "
အိပ်ခန်းထဲသို့ရောက်လျှင် ဓနလည်း လက်များဆန့်တန်း၍ ပြောလိုက်ခြင်း။ အိမ်အလုပ်သမားလေးက ဓန၏အဝတ်အိတ်ကို အသာချထားပေးခဲ့ကာ ပြန်ထွက်သွား၏။ ရွက်သစ်က ဓန၏နောက်နားတွင် အသာရပ်ရင်း ပြုံးကြည့်နေလေသည်။
" လာပါဦး ကိုယ့်အချစ်လေး "
ဓနက နောက်သို့ပြန်လှည့်ကာ ရွက်သစ်ကို ပွေ့ပိုက်ထားလိုက်ပြီး ဆိုသည်။ သူတို့မှာ ချစ်စခင်စဖြစ်သော်လည်း ဆေးရုံမှာဖြစ်နေသဖြင့် အတူတူနီးနီးကပ်ကပ်မနေခဲ့ရပေ။ နံရံများတွင် မျက်လုံးများရှိသည်ဟုဆိုကာ ရွက်သစ်က အကပ်မခံပေ။
ယခုလည်း ရွက်သစ်က အသာရုန်းသည်။
" ဖယ်ပါ တော်ကြာ ဘိုးဘိုးတို့ ရူပါတို့ရောက်လာလိမ့်မယ် "
" ဒါများ လွယ်လွယ်လေး "
ဓနက တံခါးဆီသွားကာ ချက်ချလိုက်၏။ ထို့နောက် ရွက်သစ်အနား ပြန်လျှောက်လာပြီး တစ်ကိုယ်လုံးကိုပွေ့ပိုက်ပြီး မွေ့ယာပေါ် ထိုင်ချလိုက်၏။ အရှိန်လွန်ကာ နှစ်ယောက်သား မွေ့ယာထက်ပက်လက်လဲကျသွားလေသည်။
" အ ! "
ရွက်သစ်ညည်းသံလေး ထွက်သွားရသည်။ ဓနက စိုးရိမ်တကြီး ထကြည့်လိုက်သည်။
" ဘာဖြစ်လို့လဲ နာသွားတာလား၊ ခိုက်မိသွားတာလား "
" ရတယ် "
ရွက်သစ်က ခေါင်းခါပြ၍ ပြုံးပြရင်း ငြိမ်နေလိုက်သည်။ ဓနက အသာပြန်ထွေးပွေ့ကာ ဆံပင်နုနုလေးများသို့ အသာငုံ့နမ်း၏။
" သိပ်ချစ်တာပဲ ကိုယ့်ချစ်သူလေးက အဲ့လောက် ဂရုစိုက်တတ်မှန်း တကယ်မသိခဲ့ဘူး၊ တော်သေးတာပေါ့ မဟုတ်ရင် တစ်လလောက်ထပ်နေရနိုင်တယ် "
ရွက်သစ်က ဓနဆေးရုံတက်နေသည့်အတောအတွင်း မျက်နှာပင်တစ်ချက်အညှိုးမခံပေ။ အချိန်တိုင်းအရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်နေတတ်သည်။ ဓန ခေါင်းကိုက်နေမည်ကိုလည်း စိုးရိမ်ကာ ဆရာဝန်ကြီးကို ပြန်စစ်ဆေးပေးရန် သွားပြောနေသေးသည်။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24