Uni
( ✍️ - extra တောင်းဆိုတဲ့သဲငယ်လေးအတွက် ရေးပေးလိုက်ပါတယ်နော် ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ )
********
" ပေါက်စလေးရေ.... "
ဓန၏ခေါ်သံက တကြော်ကြော်။ တိုက်ခန်းထဲဝင်လာကတည်းက ဆူညံနေတော့သည်။ မနက်ခင်းလမ်းလျှောက်လိုက်ရန်နိုးမရသဖြင့် သူတစ်ယောက်တည်းသာ သွားလိုက်ရချိန်တွင် သူတို့ခွဲခွာချိန်က သိပ်ကြာသွားခဲ့သည်ဟုထင်ပါသည်။
အရင်နေ့များကလည်း ဓနက စာအုပ်သစ်၏ ဇာတ်သိမ်းပိုင်းရေးသားခြင်းအတွက် အားထုတ်နေရသဖြင့် ရွက်သစ်အနား သိပ်မကပ်နိုင်ရှာပေ။ ညဘက်များတွင်လည်း အိပ်ရာဝင်နောက်ကျလေရာ သူတို့ဆုံချိန်က နည်းသွား၏။
ဒီကြားထဲရက်များတွင် ရွက်သစ်ကလည်း သူ့အလုပ်သစ်တစ်ခုကိုလက်ခံထားပြီး နေ့ခင်းဘက်တွင်အပြင်ထွက်၍ အလုပ်များနေရာ သူတို့ဆုံချိန်က မရှိသလောက်ပင် ဖြစ်သွားရ၏။ ဒီနေ့တွင်တော့ ဓန၏စာအုပ်အသစ်လည်း ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် စိတ်လက်ပေါ့ပါးစွာ မနက်စောစောထလမ်းလျှောက်ပြီး ပြန်လာသည်။
ပြန်လာချိန်တွင် ရေမိုးချိုးသန့်စင်ပြီး အပြင်ထွက်လည်ရန်စိတ်ကူးအပြည့်ဖြင့် ရွက်သစ်ကိုခေါ်နေခြင်း။ သို့သော် သူ့ခေါ်သံကို ပြန်ထူးမည့်သူမရှိဘဲ တိုက်ခန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းဖြင့်သာ ဆီးကြိုနေသည်။ ဓနလည်း မျက်ခုံးထူထူတို့ တွန့်ချိုးမိရင်း တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရှာမိချေပြီ။
ဧည့်ခန်းထဲလည်းမတွေ့။ ရေချိုးခန်းထဲလည်း မတွေ့ ။ အိပ်ခန်းဝရံတာလေးတွင်လည်းမတွေ့။ ထမင်းစားခန်းထဲလည်းမတွေ့။ အိပ်ခန်းများထဲတွင်လည်းမတွေ့။ မည်သည့်နေရာမှမတွေ့သည့်အခါ သူစိတ်အလိုမကျစွာပင် ဖုန်းထုတ်ပြီး ခေါ်လိုက်သည်။
🎶🎶🎶..... 🎶.... 🎶🎶.... 🎶... 🎶🎶🎶🎶...... 🎶🎶..... 🎶......
" ဟင် ! "
သာယာသည့်ဖုန်းသံက သူတို့အိပ်ခန်းမွေ့ယာထက်မှ ထွက်ပေါ်လာသည်။ ဓနလည်း မွေ့ယာအနီးသို့လျှောက်သွားလိုက်ပြီး ဖုန်းကိုငုံ့ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင်ပေါ်နေသည်က ပေါက်စလေး သူ့ကိုမှတ်ထားသည့်နာမည် မောင် ဟူ၍သာ...။
YOU ARE READING
My Sweetheart Cupid
Overigဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24