၃၅

124 1 0
                                    

Uni

ခြံဝင်းထဲရှိ ဥယျာဉ်အလယ်တွင် အလှဆက်တီစားပွဲနှင့်ခုံလေးများထားရှိ၏။ ယနေ့ ဤဥယျာဉ်လေးတွင် ရယ်သံလေးများ၊ စကားသံလေးများ ဝေစီနေလေသည်။ ဦးရောင်ထည်လည်း ထိုအချင်းအရာကို အိမ်အဝင်တံခါးမကြီးမှ ရပ်ငေးနေမိသည်။

သူ့အကြည့်က ဓနထံတွင်ဖြစ်ပြီး ရုက္ခပြောခဲ့သည့်စကားများကို ပြန်တွေးနေမိလေသည်။ ရုက္ခက သူ့ကို ဓနအား အေးချမ်းစွာနေစေလိုပါလျှက် ရွက်သစ်ပုံနှိုင်းကို စောင့်ကြည့်ကာ သတင်းပေးပို့ပေးရမည်ဟု ဆိုထားသည်။ ထို့အပြင် ရွက်သစ်ပုံနှိုင်း၏ ပြောင်းလဲခြင်းများကိုလည်း သူ့ထံ မပြတ်သတင်းပေးရမည်ဟုလည်း ဆိုထားသည်။

သူသိခဲ့သည်က ရုက္ခသည် သာမန်လူတစ်ယောက်မဟုတ်သကဲ့သို့ ရွက်သစ်ပုံနှိုင်းသည်လည်း လူသားတစ်ယောက်မဟုတ်ပါဟု ဆိုခဲ့သည်ပင်။ ရုက္ခတွင် လူသားတစ်ယောက်၏ နှလုံးသားမျိုး မပိုင်ဆိုင်နိုင်သကဲ့သို့ ရွက်သစ်ပုံနှိုင်းတွင်လည်း နှလုံးသားမရှိပါဟု ဆိုထားလေသည်။

သူမည်သို့ သိနိုင်ပါမည်နည်း။ တွေးရင်းပင် ရွက်သစ်ပုံနှိုင်းထံ အကြည့်တစ်ချက်ရောက်မိပြန်သည်။ နုနှယ်လွန်းစွာ လှပသည့် ထိုလူသားက ရွက်သစ်ပုံနှိုင်းဟု အမည်တွင်လေသည်။ ပြစ်ချက်ကင်းသည့်အလှမျိုးကို ပိုင်ဆိုင်ထားသည့် ယောက်ျားသားက မြားနတ်မောင်တစ်ယောက်ဖြစ်သည်ဟု ရုက္ခက ဆိုခဲ့လေသည်။ ဦးရောင်ထည် ရုက္ခပြောသမျှကို မယုံကြည်ပါ။ ထို့ကြောင့်ပင် ရွက်သစ်ပုံနှိုင်းတွင် ရုက္ခကဲ့သို့ နှလုံးသားတစ်ခုရှိမရှိကို စုံစမ်းလိုခြင်းဖြစ်သည်။ သို့သော် သူမည်သို့ပြုလုပ်ရမည်ကို မသိသေးပေ။ ဒီတိုင်းသာ အကြံထုတ်နေရ၏။

ချောမောသည့်မျက်နှာလေးက အပြစ်ကင်းစွာ ရယ်မောပျော်ရွှင်နေသည်။ တပည့်ဖြစ်သူ ဒီရေအတွက် မင်္ဂလာပွဲကို ဝိုင်းဝန်းနေရှာသည်က မိသားစုရင်းသဖွယ်ဖြစ်၏။ ညကပင် ရန်ကုန်မှ မိတ်ဆွေများထံ ဖုန်းဆက်ကာ ရွက်သစ်ပုံနှိုင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့သေးသည်။ ထိုမိတ်ဆွေက ရွက်သစ်ပုံနှိုင်းထံတွင် အလုပ်အပ်ဖူးပြီး သူ့ကိုလည်း လမ်းညွှန်ခဲ့သူဖြစ်လေသည်။

My Sweetheart CupidWhere stories live. Discover now